ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ လွင်မိုးကတော့ ငယ်စဉ်အရွယ်တုန်းက အရမ်းချော အရမ်းခန့်တဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲဖြစ်ပါတယ်။လွင်မိုးက အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက တစ်စိုက်မက်မက် လုပ်ဆောင်ခဲ့ပြီး သူရိုက်ခဲ့တဲ့ဇာတ်ကားမှန်သမျှ ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့ပါတယ်။ဒွေး နဲ့ ခေတ်ပြိုင်မင်းသားတစ်လက်လည်း ဖြစ်ပြီး ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ပါတယ်နော်။

လွင်မိုးက ဇနီးသည် မေသူနဲ့ အိမ်ထောင်ကျပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်သွားပြီး စီးပွားရေးကိုသာ အာရိုက်စိုက်လုပ်ဆောင်နေပါတယ်။သူတို့ဇနီးမောင်နှံမှာ ဖအေ မအေ ရဲ့ အချောအလှတွေအကုန်စုနေတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်နော်။သမီးကြီး ယွန်းဝတီလွင်မိုးက အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားပါတယ်နော်။ယွန်းလေးက အခုဆိုရင် အိမ်ထောင်ကျသွားပြီး သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီဖြစ်ပါတယ်။

လွင်မိုးက မိသားစုအတွက်သာ အချိန်ပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေကိုရပ်နားကာ စီးပွားရေးကိုသာလုပ်ကိုင်ခဲ့ပါတယ်။အခုနောက်ပိုင်းမှာ နေတိုးနဲ့အတူ တာတူးရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားပါတယ်။မနေ့ညက ကျင်းပခဲ့တဲ့အကယ်ဒမီပေးပွဲကြီးမှာ အမျိုးသားဇာတ်ဆောင်ဆုကို လွင်မိုးကဖွင့်ဖောက်ကြေငြာခဲ့ပါတယ်။အခုဆိုရင်တော့ ၂၀၁၈အကယ်ဒမီနဲ့ပတ်သက်ပြီး"တခွန်တည်းပြောမယ်၂၀၁၈..အကယ်ဒမီရှက်စရာအလွန်ကောင်းသည်"ဆိုပြီး ပြောထားပါတယ်နော်။

Source:Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။