ပရိသတ်ကြီးရေ.. အဆိုတော် ကျော်ကျော်နန္ဒကိုတော့ ချစ်ပရိသတ်ကြီးတွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

သူမတူတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို အံ့သြသွားအောင် အမြဲဖန်တီးနိုင်လွန်းတဲ့ ကျော်ကျော်နန္ဒကတော့ သီချင်းတွေလည်းထွက်ရှိခဲ့ပြီး ပရိသတ်တွေကတော့ ဝေဖန်သူ တစ်ဝက် အားပေးသူတစ်ဝက်ပါပဲ..။

အဆိုတော် ကျော်ကျော်နန္ဒကလည်း (၂၀၁၈)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို တက်ရောက်လာခဲ့ပါတယ်..။

ခမ်းခမ်းနားနားကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးကိုတော့ ကျော်ကျော်နန္ဒတစ်ယောက် သူစိတ်ကြိုက်ဖန်တီးထားတဲ့ အမိုက်စားဖက်ရှင်ဝတ်စုံ မဝတ်ဆင်ပဲ ရိုးရိုးရှင်းရှင်းဖက်ရှင်နဲ့သာ တက်ရောက်လာခဲ့တာ တွေ့ရပါတယ်..။

အကယ်ဒမီပေးပွဲကြီးမှာ ကြိုတင်ပြင်ဆင်ထားတဲ့ အကယ်ဒမီပွဲတက်ဝတ်စုံကို အကြောင်းအမျိုးမျိုးကြောင့် မဝတ်ဖြစ်ခဲ့တဲ့ သူ့ရဲ့အမိုက်စားပွဲတက်ဝတ်စုံကိုတော့ အကယ်ဒမီပေးပွဲကြီးအပြီးမှာ ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ်နော်..။

ပရိသတ်တွေအားလုံး စိတ်ဝင်စားနေခဲ့ကြတဲ့ ကျော်ကျော်နန္ဒရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်ဝတ်စုံကတော့ ရှေးခေတ်မြန်မာအမျိုးသားတွေဝတ်ဆင်လေ့ရှိတဲ့ တောင်ရှည်ပုဆိုးပုံစံကို ဒီဇိုင်နာမေတံတွေးက ဖန်တီးချုပ်လုပ်ထားတာဖြစ်ပြီး အများနဲ့မတူတဲ့ ဖက်ရှင်လေးလည်းဖြစ်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo - Kyaw kyaw Nanda၊ Perfect Match Nay Lynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။