ပရိသတ်ကြီးရေ မနေ့ညမှာတော့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ထိုက်တန်စွာရရှိခဲ့ကြသူများကိုဂုဏ်ပြုခဲ့ကြပြီး ထင်ကြေးပေးခံခဲ့ရပြီး အကယ်ဒမီနဲ့လွဲခဲ့ရသူတွေများအတွက်လည်း စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ထိုပွဲကိုတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်များရဲ့ဖက်ရှင်ဒီဇိုင်းများဟာလည်း တစ်ယောက်နဲ့တစ်ယောက်အပြိုင်အလန်းစားပွဲတက်ဖက်ရှင်များဖြင့်သာ တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်ပေါင်းများစွာတက်ရောက်တဲ့အကယ်ဒမီပွဲကြီးဟာ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားခဲ့သလို အနုပညာရှင်တွေနဲ့အတူ ပရိသတ်တွေလဲ ရင်ခုန်ခဲ့ရပါတယ်။

မနေ့ညကအကယ်ဒမီပွဲပြီးပြီးချင်းမှာပဲ အနုပညာရှင်များဟာ ဆုရတဲ့အနုပညာရှင်၊အတတ်ပညာရှင်များကို ပါတီပွဲကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပါတီပွဲမှာတော့ မင်းသားနေတိုး၊ထွန်းထွန်းအစရှိတဲ့ အနုပညာရှင်များကတေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေးကိုတော့ စံရတီမိုးမြင့်က Live လွှင့်ကာလူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။