ပရိသတ်တွေရဲ့ အချစ်တော်လေး ကျော်ကျော်ဗိုကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုရယူပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုကြံ့ကတော့ သရုပ်ဆောင်ပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်သလို အဆိုပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်တဲ့ စွယ်စုံရသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။  

မနေ့ကကျင်းပတဲ့ အကယ်ဒမီပွဲကြီးမှာတော့ ကျော်ကျော်ဗိုတစ်ယောက် အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ကျော်ကျော်ဗိုကတော့ "

ကျွန်တော့်ဘဝ .... ကျွန်တော့်အနုပညာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးအားဦးခိုက်ပါသည်။

ကျွန်တော့်အတွက် .... ဘိုးဘိုး(အလင်္ကာကျော်စွာရွှေမန်းတင်မောင်) ပြုံးနေပါလိမ့်မည်။ဖေဖေ(ဦးဝင်းဗိုလ်)+မေမေ တို့ကျေနပ်နေပါလိမ့်မည်။

အကယ်ဒမီများရှင်ဘဘဦးညွှန့်ဝင်း အားပေးနေပါလိမ့်မည်။

သရုပ်ဆောင်အနုပညာဘဝအစလက်ဦးဆရာ

ဦးချမ်း ကြည်နူးနေပါလိမ့်မည်။#သင်

y

ဦးချမ်း ကြည်နူးနေပါလိမ့်မည်။#သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများ၊ကျေးဇူးရှင်များ၊ အနုပညာလက်တွဲဖော်ညီအစ်ကိုမောင်နှမများ ဝမ်းသာနေပါလိမ့်မည်။ ဦးလေး၊အဒေါ်၊ညီအစ်ကိုမောင်နှမများ၊ကျွန်တော့်အနုပညာဖန်တီးမှု့တိုင်းကိုအစဉ်အဆက်မေတ္တာထားအားပေးလာကြသောပရိတ်သတ်များ ပျော်ရွှင်နေကြပါလိမ့်မည်။မုန်းစွဲ" ရုပ်ရှင် အဖွဲ့သားများ ဝမ်းမြောက်နေပါလိမ့်မည်နှင်းဆီအဖွဲ့သားများ အူမြူးနေပါလိမ့်မည်။ အန္တနောအနန္တငါးပါး နဲ့ ပရိတ်သတ်များအတွက်

ကျွန်တော်မြတ်နိုးသောအနုပညာဖြင့်မှတ်ကျောက်တင်သက်သေပြခွင် ရခဲ့သည့်အတွက် ကျွန်တော့်ကိုယ်ကျွန်တော်လည်ဂုဏ်ယူရပါလိမ့်မည်။ကျွန်တော့်ဘဝ .... ကျွန်တော့်အနုပညာအနန္တောအနန္တ ငါးပါး နဲ့ ပရိတ်သတ် အတွက်သာအစဉ်ထာဝရရည်စူးခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်သည်ဘဝ .... သည်ခန္ဓာ ကျွန်တော်မြတ်နိုးရပါသော အနုပညာ .... အရှိန်တကယ်ဗြောင်....မသိမ်ငယ်ပေါင်....မိုးထိအောင်တက်ဦးမယ်ခင်ဗျချစ်ခြင်းများစွာဖြင့်ကျော်ကျော်ဗိုလ်"ဆိုပြီးရေးသားထားပါတယ်။

source: ကျော်ကျော်ဗိုလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။