မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကတော့ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာတော့ ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်မူထူးခြားတဲ့ ဇာတ်ရုပ်နဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မအေးသောင်းကို ပရိသတ်တွေအားလုံးက အမျိုးသမီး ဇာတ်ပို့ဆု ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပရိသတ်တွေ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့သလို မအေးသောင်းကလည်း အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

အမျိုးသမီးဇာတ်ပို့ဆုအတွက် နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း အကယ်ဒမီဆုနဲ့ လွဲခဲ့ရတဲ့ မအေးသောင်းကိုတော့ ပရိသတ်တွေက ထူးထူးခြားခြား အစီအစဉ်လေးတစ်ခု ပြုလုပ်ပေးထားပါတယ်။ ဒါကတော့ '' အသစ်အိမ် Beauty And Nail Art '' မှ ဦးဆောင်ပြီး မအေးသောင်းအတွက် ပရိသတ်တွေကပေးတဲ့ ''ရင်ထဲက အကယ်ဒမီ'' ဆုကြီးကို ပေးအပ်ဖို့ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ဒီဆုကြီးကိုတော့ '' အသစ်အိမ် '' အဖွဲ့က ငွေ (၅) သိန်းကျပ်နဲ့ စတင်မတည်ပေးထားသလို မအေးသောင်း Fan တွေကလည်း တတ်နိုင်သလောက် ပါဝင်ချီးမြှင့်နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ကစတင်ပြီး မတ်လကုန်အထိ စုဆောင်းထားရရှိထားတဲ့ငွေနဲ့ ပရိသတ်တွေအားလုံးက မအေးသောင်းအတွက် '' ရင်ထဲက အကယ်ဒမီ '' ဆုကြီးကို ချီးမြှင့်ကြမှာ ဖြစ်ပါတယ်။မအေးသောင်းကိုချစ်တဲ့ ပရိသတ်တွေ သိရှိစေနိုင်ဖို့ အသေးစိတ်ကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: အသစ်အိမ် Beauty & Nail Art;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။