ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်ကြီးတွေ ချစ်စနိုးနဲ့ အေးသောင်းလို့ ခေါ်ခေါ်နေတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားတဲ့သူလေးတစ်ယောက်ပါပဲနော်။ ဆေးစက်ကျရာ သရုပ်ပေါ်အောင် အချစ်အမုန်းအလွမ်းဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက်ပရိတ်သတ်တွေ သဘောတွေ့နှစ်သက်နေရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

အကယ်ဒမီဇကာတင်စာရင်းဝင်ခဲ့ပြီးတော့ ရုံတင်ရက်တွေ လနဲ့ချီပြီးကြာတဲ့အထိ စံချိန်ချိုးနိုင်ခဲ့တဲ့ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိတ်သတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားရလောက်မယ့် သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်ကိုပီပြင်စေခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်နော်။ ဒီ မုန်းစွဲ ဇာတ်ကားကြီးနဲ့လည်း သူမကို ပရိတ်သတ်တွေက လုံးဝသေချာပေါက် အကယ်ဒမီ ရကိုရမှာဆိုပြီးခန့်မှန်းခဲ့ကြပါသေးတယ်။

အကယ်ဒမီဆုပေးပွဲမှာတော့ ပရိတ်သတ်တွေခန့်မှန်းခဲ့သလိုမဖြစ်ခဲ့ပေမယ့် အေးသောင်းတစ်ယောက်ကတော့လုံးဝး စိတ်ဓာတ်မကျဘဲနဲ့ အကယ်ဒမီရသွားတဲ့ အနုပညာရှင် ညီအကို မောင်နှမတွေကိုတောင်ဆုတွေတောင်ပေးထားပါသေးတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ပရိတ်သတ်တွေမြတ်မြတ်နိုးနိုးနဲ့ ပေးတဲ့ ရင်ဘက်ထဲက အကယ်ဒမီဆုလေးကို တော့ အေးသောင်းတစ်ယောက်ပိုင်ဆိုင်ခဲ့ပြီးပြီဆိုတာတော့ နှစ်ခါမရှိနိုင်တဲ့အမှန်တရားလေးတစ်ခုပါပဲနော် ချစ်ပရိတ်သတ်ကြီးရေ...

Source: Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။