ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ချောမောလှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ model သရုပ်ဆောင် ရွှေအိမ်စည်ကိုသိကြမယ်ထင်ပါတယ်နော်။ International Miss တစ်ယောက်အဖြစ်လည်း နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အမျိုးသမီးကောင်းလေးပဲဖြစ်ပါတယ်။ သူမရယ်လိုက်ပြီဆို ပါးချိုင့်လေးက အထင်းသားပေါ်သွားပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ညှို့ယူဆွဲဆောင်လိုက်တာပဲဖြစ်ပါတယ်နော်။

စိတ်သဘေားထားပွင့်လင်းပြီးလူတိုင်းအပေါ်မခွဲခြားမဆက်ဆံတက်တဲ့ သူမရဲ့ စိတ်အလှတွေက မျက်နှာပြင်ပေါ်မှာထင်ဟပ်နေတာပဲဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့သူမဟာဆိုရင် အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တာနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှအပ ဟာဆိုရင်လည်း တွေ့မြင်သူတိုင်း ရင်သတ်ရှုမောဖွယ် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူမဟာ ဆိုရင် ဂျင်ပါတီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျပီပြင်အောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ရွှေအိမ်စည်ဟာပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ၂၀၁၈ အကယ်ဒမီဆုပေးပွဲသို့တက်ရောက်ခဲ့တာဖြစ်ပြီး "ဘာ လို့ရိုးရိုးလေးပဲဝတ်ခဲ့တာလည်းလို့ မေးတဲ့အခါ အမြဲခေတ်မှီနေချင်လို့ လို့ ဖြေလိုက်တယ်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်း သိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။