Miley Cyrus တစ်ယောက်ကတော့အမြဲတမ်းလိုလို ပေါ့ပေါ့ပါးပါးနေထိုင်ပြီး လွတ်လွတ်လပ်လပ်နေထိုင်ရတာကို ပျော်ရွှင်နေတဲ့ ကမ္ဘာကျော်အဆိုတော် မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူဘယ်လောက်ထိ လွတ်လွတ်လပ်လပ်နေလဲဆိုတာကိုလဲ ပရိသတ်ကြီးအနေနဲ့ သိမယ်ထင်ပါတယ်။ ဘယ်လိုပဲလွတ်လွတ်လပ်လပ်နေ သူမကို အားမပေးတဲ့ပရိသတ်ဆိုတာမရှိပါဘူး။ သူမရဲ့သီချင်းတွေက ရင်ထဲထိကို ထိတာကို.....ခံစားချက်တွေပါတယ် သီချင်းတိုင်းက....အာ့ကြောင့်ပဲ ပရိသတ်တွေရဲ့ အားပေးမှုကို အခံအမာရတာပေါ့။ 

သူမဟာတစ်နေ့က Instagram ပေါ်မှာ သူမရဲ့ Sexy ကျကျပုံတွေကို ထပ်တင်ခဲ့ပါတယ်။ ပုံထဲမှာမြင်ရတဲ့ သူမရဲ့ပုံစံကတော့ တကယ့်ကိုအလန်းစားပါပဲနော်....။ သူမအသက်ဟာ ၂၆နှစ်ဖြစ်ပြီး မင်းသား Liam Hemsworth ရဲ့ မိန်းမဖြစ်ပါတယ်။ Liam Hemsworthဟာဆိုရင်လဲ Thor မင်းသားဖြစ်တဲ့ Chris Hemsworth ရဲ့ ညီပဲဖြစ်ကာ Liam နဲ့ Miley တို့ဟာ Christmas မတိုင်ခင်မှာ တိုးတိုးတိတ်တိတ် လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။  

ပုံထဲမှာတွေ့ရတဲ့ သူမရဲ့ပုံစံကတော့ တကယ့်ကိုပဲ အကြမ်းစား အလန်းစားပါပဲ။ လက်မှာလဲ တလက်လက် လက်နေတဲ့ လက်ပတ်လက်ကောက်တွေနဲ့ လည်ပင်းမှာလဲ တလက်လက် ဆွဲကြိုးတွေနဲ့ လက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြီးတော့သူမဟာလဲ Bisexual တစ်ယောက်ဆိုတာကို ရင်ဖွင့်ခဲ့ဖူးတဲ့သူတစ်ပဲဖြစ်ပါတယ်။ သူမရဲ့ပထမဆုံးအနမ်းကို မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးနမ်းခဲ့တာဖြစ်ပါတယ်။ ဘာပြဲဖစ်ဖြစ်ပါ ခုချိန်မှာတော့ သူမဟာ အိမ်ထောင်ကျပြီပါပြီး။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။