ကမ္ဘာကျော်အဆိုတော် Adele ကိုပရိသတ်ကြီး ကောင်းကောင်းသိမယ်ထင်ပါတယ်။ သူရဲ့သီချင်းတွေကိုလဲ ပရိသတ်ကြီးကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ Adele ဟာဆိုရင်လဲ ဆုတော်တော်များမျာကိုရထာတဲ့ သူတစ်ယောက်ဖြစ်ကာ ခုချိန်မှာ အသက် ၃၀ရှိပြီဖြစ်ပါတယ်။ သူဆိုတဲ့သီချင်းတော်တော်များများက ပရိသတ်တွေရဲ့ ရင်ထဲကို ထိမယ်လိုထင်ပါတယ်။ ခံစားလို့ကောင်းတဲ့သီချင်းများများကို သူမဟာဆိုတက်စမြဲပါ.....။ 

်Hunger Games မင်းသမီးဖြစ်တဲ့ Jennifer Lawrence ကိုလဲပရိသတ်ကြီးကောင်းကောင်းသိမှာပါ။ သူမဟာ X-Men ကားထဲမှာလဲ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ကာ သူမရိုက်ထားတဲ့ကားကောင်းတော်တော်များများကိုလဲ ပရိသတ်ကြီးကြိုက်မှာပါ။ သူမဟာခုချိန်မှာ အသက်၂၈နှစ်ရှိပြီဖြစ်ကာ Adele နဲ့ သူမတို့သူငယ်ချင်းနှစ်ယောက်ဟာ နယူးယောက်မြို့က ဂေးဘာတစ်ခုမှာ ပျော်ရွှင်စွာ ဂိမ်းတွေကို ကစားခဲ့ပါတယ်။ နှစ်ယောက်က အရမ်းကိခင်ကြတဲ့သူငယ်ချင်းတွေပါ....။ 

သူတို့နှစ်ယောက် ကစားတဲ့ Game ဟာဆိုရင်တော့အသောက်ပြိုင်တဲ့ Gameတစ်ခုပဲဖြစ်ကာ နှစ်ယောက်က ရယ်မော်ပျော်ရွှင်စွာသောက်ရင်း အပြန်အလှန်နောက်ခဲ့ကြပါတယ်။ Jennifer ကအရင်စပြီး " ဘယ်အရာကမှ ငါ့ရဲ့အသောက်စွမ်းရည်ကို မတားနိုင်ဘူး...နင်ရှုံးပြီး " ဆိုပြီး Adele မျက်နာကိုကြည့်ပြောလိုက်ပါတယ်။ Adeleက " နင် သောက်ကျိုးနည်း စေ့စပ်ထားပြီးတော့များ ဒီနေရာမှာ နင်ပေါ်လာစရာအကြောင်းကိုမရှိတာ " ဆိုပြီးပြန်ပြောခဲ့ပါတယ်။ အဲ့ညမှာတကယ့်ကိုနှစ်ယောက်က ပျော်ရွှင်စွာစနောက်ကျရင် အချိန်ကုန်ခဲ့ကြပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။