ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလမ်းကြောင်းပေါ်မှာ တစ်ချိန်က ခြေလှမ်းတွေအရမ်းသွက်ခဲ့ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုတွေကို များစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေးဆုပန်ထွာကို အခုထိချစ်နေကြတုန်းပါပဲနော်။ သူမဟာ အိမ်ထောင်ကျပြီးသွားနောက်မှာတော့ အရင်လိုအနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပဲ အလှမ်းကွာခဲ့ရပါတယ်နော်။

လက်ရှိမှာသူမဟာ နားလည်မှုတွေအပြည့် ပျော်ရွှင်စရာတွေအပြည့်နဲ့တည်ဆောင်ထားတဲ့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထးရပြီးတော့ သူမကိုအရမ်းအလိုလိုက်ပြီး အရမ်းချစ် အရမ်းဂရုစိုက်ပေးတဲ့ ချစ်ခင်ပွန်းနဲ့ သူမရဲ့အသက်တမျှချစ်ရတဲ့သားလေးRoar Roarလေးကိုပိုင်ဆိုင်ခွင့်ရထားသူလေးပါနော်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သူမဟာ သူမတို့ရဲ့အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေအတွက် အထင်ကရပွဲတစ်ခုဖြစ်တဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ပေးပွဲကိုမိသားစုနဲ့အတူတူတက်ရောက်ခဲ့ပါတယ်နော်။

သူမတို့ဟာ ဆင်တူဝတ်စုံလေးတွေကို တစ်မိသားစုလုံးချစ်ဖို့ကောင်းအောင် ဝတ်ဆင်ထားပြီးတော့ ပွဲတက်လာခဲ့ကြပါတယ်။ အားလုံးကလည်း အစကတည်းက အားကျနေရတဲ့ မိသားစုလေးဖြစ်တဲ့အတွက် ချစ်မဆုံဖြစ်နေခဲ့ရပါတယ်နော်။ ချစ်ရတဲ့သူတွေကို လက်ဆွဲပြီးတော့ပွဲတက်လာတဲ့ဆုပန်ထွာ မကြာခင်မှာ "သေလောက်အောင်ချစ်တယ်"ဆိုတဲ့ သီချင်းအခွေသစ်လေးကို ပရိတ်သတ်တွေလက်ထဲကိုအရောက်ထည့်ပေးတော့မယ် ဖြစ်ကြောင်းလည်းသိရပါတယ်နော်။ကဲ.... ဆုပန်ထွာတို့မိသားစုရဲ့ပွဲတက်ဝတ်စုံလေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။