နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ မင်းသားဇာဏ်ခီတစ်ယောက် အမြဲလိုလို ပရိသတ်တွေ ကို အသိအမြင်ကြွယ်ဝစေမယ့် စကားမျိုးတွေကိုမျှဝေတတ်သူတစ်ဦးပါပဲ။ ဒီတစ်ခေါက်မှာတော့ " ကိုယ်တိုင်သိရှိသွားမှု (Self-realization) " ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ သူ့ရဲ့ဖြစ်စဉ်ကို ပြောပြထားပြီး အသိအမြင်ဗဟုသုတ တိုးပွားစေမယ့် စကားမျိုးကို ပရိသတ် တွေကို sharing လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပါတယ်။ ဇာတ်ခီဟာဆိုရင် ငယ်စဉ်ကတည်းက အဆဲသန်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင် အားလုံးကယုံနိုင်မယ်လို့ မထင်ပါဘူး နော်။

ဒီအကြောင်းအရာလေးကို ဇာတ်ခီက " ကျနော်ရေးထားတဲ့ Power of One essay ထဲမှာပါ တဲ့ တစ်ကြောင်းက "ကျနော်ငယ်ငယ်က မိုးမွှန်အောင်ဆဲခဲ့ဖူးတယ်" တဲ့။ အဲ့ဒါကိုပြောပြ ရင်တော်တော် များများကမယုံကြဘူး။ ဒါပေမယ့် တကယ်ပါ။ ဘယ်လောက်ထိလဲဆိုရင် မြန်မာပြည်ကို Rap music မရောက်ခင်ဟိုးအစောကြီးမှာကတည်းက Rap Battle တွေလိုပဲ အဆဲ Battle တွေ ကျနော်တို့ ရပ်ကွက်မှာရှိခဲ့တယ်။ ဘယ်သူပိုဆဲနိုင်လဲဆိုတာပြိုင်ကြတာ။ တော်တော်ကို ကြံကြံဖန်ဖန် အယုတ် တကာ့အယုတ်ဆုံး အကြမ်းတကာ့အကြမ်းဆုံးတွေကို တွေးတောကြံဆပြီး ပက်ပက်စက်စက် ဆဲကြရ တယ်။ တော်တော်လဲ creative ဖြစ်ကြတယ်။ အဖေတွေ အမေတွေ မောင်တွေနှမတွေ ရှိသမျှ အမျိုး တွေ တိရိစ္ဆာန်တွေ အကုန်ပါ တယ်။ All inclusive ပေါ့လေ။ တဖက်ကဘာမှပြန်မဆဲနိုင်လောက်အောင် ပါးစပ်အဟောင်း သားဖြစ်သွားတာတို့ ရယ်ချလိုက်တာတို့ဖြစ်သွားရင် နိုင်ပြီ။ အခု FB မှာဆဲကြတယ်ဆိုတာ တွေက မူလတန်းအဆင့်လောက်ပါ။ အဲ့လောက်ထိ ဆိုးခဲ့ကြပါတယ်။ ပြန်တွေးပြီးအဖြေရှာ ကြည့်တယ်။ ငါဘာလို့ဒီလောက်တောင် အရှက်မဲ့ခဲ့ရသလဲပေါ့။ အဓိကအဖြေကတော့ အပေါင်းအသင်း ပါပဲ။ ကျနော်တို့က မောင်နှမနှစ်ယောက်ဆိုပေမယ့် အသက်ကွာတော့ တစ်ယောက်နဲ့တစ်ယောက် အဖော်မဖြစ်ခဲ့ကြဘူး။ ဆိုတော့ ကျနော်အပေါင်းအသင်းမက်ခဲ့ တယ်။ အပေါင်းအသင်းမက်တော့ Peer Pressure လို့ခေါ်တဲ့ အဖွဲ့ထဲဝင်ဆံ့ဖို့အတွက် ပေါင်းဘက်တွေကိုယ့်ကိုကြိုက်နှစ်သက်ဖို့အတွက် ကိုယ့်ကိုယ်ကိုပေးတဲ့ pressure ရှိခဲ့တယ်။ ကျနော်တို့အဖွဲ့မှာ ဆဲတဲ့ယဉ်ကျေးမှုလေးရှိတော့ပါသွား တယ်ပေါ့ဗျာ။ အဲ့ဒီ့အကျင့်ဘယ်လိုပျောက်သွားလဲဆိုတဲ့အကြောင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုထိလဲတွေးတိုင်း ကိုယ်တိုင်အံ့သြနေတုန်း။ ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်မိ တယ်။ " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် " ကျနော်တို့က မန္တလေးမှာစားသောက်ဆိုင်ဖွင့်ခဲ့တယ်။ အပတ်တိုင်းကျနော်တို့ ဆီကို ဘုန်းကြီးတစ်ပါးရဲ့ ကပ္ပိယကဆွမ်းချိုင့်နဲ့လာပြီး ဆွမ်းခံတယ်။ သာမှန်အားဖြင့်သူနဲ့ မဆုံဖြစ်ဘူး။ ဘာလို့လဲဆိုတော့သူလာတဲ့အချိန်ကစောတယ်။ ၆-၆:၃၀ လောက်။ ကျနော်က ၇:၀၀ ကျော်မှနိုးနေကျ။ ဒါပေမယ့် ဖြစ်ချင်တော့တစ်ရက်မှာ ကျနော်အစောကြီးနိုးပြီး ပျင်းနေတော့ ဆွမ်းချိုင့်စောင့်နေတဲ့ ကပ္ပိယနဲ့ ဇယ်တောက်ဖြစ်သွားတယ်။ ကပ္ပိယက ဇယ်တောက်တာအသင့်အတင့်ကျွမ်းတယ်။ ကျနော်က အဲ့ဒီ့မနက်ကလုံးဝလက်မကောင်း တော့ အကုန်လွဲ။ ဒေါသတွေ တစ်လိပ်လိပ်နဲ့ထွက်လာပြီး စဆဲတယ်။ လွဲတိုင်းဆဲ။ တစ်ပွဲလုံး ဆဲ။ ၁၀နှစ် ၁၁နှစ်သားလောက်ပဲရှိဦးမယ်။ ကပ္ပိယကတော့ဘာမှမပြောပါဘူး။ ပွဲပြီးတော့ဆွမ်းချိုင့်ရတာနဲ့ထထွက်သွားတယ်။ သူလည်းနားမခံနိုင်တာနဲ့အတော်လောက် ဖြစ်သွား တယ် ထင်ပါရဲ့။ (ပွဲပြီးသွားတာကိုပဲ သူတော်တော်ဝမ်းသာနေမှာ) ကျနော် ဇယ်တောက်ခုံမှာထိုင်ပြီး ကျန်ခဲ့တယ်။ ချက်ခြင်းမထပဲတွေးနေမိတယ်။ ရှက်တဲ့စိတ်ကြီးက ဖုန်းလွှမ်းထားတယ်။ ဇယ်တောက် တာရှူံးလို့မဟုတ်ဘူး။ ကိုယ်ဆဲသမျှအကုန်လုံး ပြန်ကြားမိပြီး ကိုယ့်ကိုယ်ကိုရှက်တာ။ အဲ့ဒီ့ ဇယ်တောက် ခုံကထလိုက်တဲ့အချိန်ကနေစပြီး ကျနော်အခုထိမဆဲတတ်တော့ဘူး။ ဆဲလို့လဲမရတော့ ဘူး။ Self-realization ရဲ့တန်ခိုးက ဘာနဲ့မှမတူဘူး။ လျှပ်တပြက်အတွင်းမှာဖြစ်သွား နိုင်သလို ကမ္ဘာတစ်သိန်းလောက် လဲကြာသွားနိုင်တယ်။ " လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါသေးတယ်။ တကယ်ကိုဗဟုသုတ ရစေမယ့် ခွန်အားဖြစ်စေတဲ့ စာတွေမို့ အားလုံးလည်း အတုယူလိုက်နာနိုင်စေဖို့ တင်ဆက်ပေး လိုက်ပါတယ်နော်။

Photo - Zenn Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။