ချီချီတစ်ယောက် အကယ်ဒမီပေးပွဲမှာ မအေးသောင်းနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်ကို Facebook My Day မှာ Zoom ဘယ်လို ဆွဲရတယ်ဆိုတာကို သင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမှန်းမသိတဲ့ ချစ်စဖွယ် အပျိုကြီးနဲ့ အပျိုလေးတို့နှစ်ယောက်သားကတော့ " အော် " ဆိုတဲ့ အသံလေးနဲ့ မျက်လုံးအပြူး သား ကြည့်နေပုံကြောင့် ချီချီတစ်ယောက် သဘောတကျနဲ့ရယ်နေတာပဲဖြစ်ပါတယ်။

နှစ်ယောက်သားက Facebooik My Day မှာ အနီးကပ် Zoom ဆွဲတာနဲ့ Zoom ပြန်ချဲ့တာကို အခုမှ သိရတာကြောင့် မအေးသောင်းက " ငါတို့က တောသူတွေကျနေတာပဲ " ဆိုပြီး ပါးစပ်လေးအုပ်ပြီး ခပ်တိုးတိုးပြောခဲ့ပါသေးတယ်။ နှစ်ယောက်သား အံ့သြသွားတဲ့ပုံလေးက ကြည့်ပြီးရင်းကြည့်ချင် လောက်အောင်ကို အသည်းယားစရာ ချစ်စရာကောင်းလွန်းနေပါတယ်။

ချီချီတစ်ယောက် ဒီချစ်စဖွယ် Record လေးကို သူမရဲ့ Facebook My Day မှာ " story တင်ရင် zoom ဆွဲလို့ရတာ သိဘူးတဲ့ " " အရမ်းချစ်ဖို့ကောင်းတဲ့ မအေးသောင်းနဲ့ ခင်ဝင့်ဝါ " ဆိုပြီး ရေးသား ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပျိုကြီးနဲ့ အပျိုလေးရဲ့ အံ့သြသွားတဲ့ ပုံရိပ်လေးကို အမိအရမှတ်တမ်းတင်ထားတာမို့ ဖော်ပြပေးလိုက်တယ်နော်။

Video - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။