ပရိတ်သတ်ကြီးရေ စနေနေ့မှာ ကျင်းပသွားတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေအကုန်လုံးပေါင်းစည်းတဲ့ ၂၀၁၈ အကယ်ဒမီပွဲကြီးဟာဆိုရင် စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်။ရုပ်ရှင်ထူးချွန်ဆုတွေလည်း ကိုယ်စီကိုယ်စီရရှိသွားကြပြီး အနုပညာရှင်တွေအတွက် အပျော်တွေနဲ့ပြည့်နှက်သွားတဲ့ ညတစ်ညပေါ့နော်။အကယ်ဒမီပေးပွဲကို တစ်ထောင့်တစ်နေရာကနေ အားဖြည့်ကူညီပေးကြတဲ့ ရွှေကြိုမောင်မယ်လေးတွေဟာဆိုရင်လည်း လိုက်ဖက်ညီစွာ တင့်တယ်လှပကြပါတယ်။

ရွှေကြိုစုံတွဲလေးကတွေက ပွဲမကျင်းပခင် ရက်အချို့လိုကတည်းက ဝါရင့်အနုပညာရှင်များရဲ့ သင်ကြားပေးမှုအောက်မှာ သေသေချာချာ လေ့ကျင့်ခဲ့ကြတာကြောင့် ပွဲမှာ လှလှပပလေးနဲ့ အဆင်ပြေစွာပြီးဆုံးသွားပါတယ်နော်။ရွှေကြိုမောင်မယ်လေးတွေက အရင်ကမရင်းနှီးကြပေမယ့် အကယ်ဒမီပွဲကြောင့် အတူတူတွေ့ဆုံခဲ့ကြကာ အရမ်းကို ခင်မင်ရင်းနှီးသွားတဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြပါတယ်နော်။

အခုဆိုရင်လည်း အကယ်ဒမီပေးပွဲအပြီးမှာ အကယ်ဒမီညစာစားပွဲကို ၂၄ရက်နေ့ညမှာ ဆက်လက်ကျင်းပကြပြီး အနုပညာရှင်တွေနဲ့အတူ ရွှေကြိုမောင်မယ်လေးတွေလည်း တက်ရောက်ကြပါတယ်။ညစာစားပွဲလေးမှာ ရွှေကြိုလေးတွေက တစ်ဝိုင်းတည်း အတူတူထိုင်ကြတာ အားရပါးရစားကြသောက်ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ယောက်ကိုတစ်ယောက်စနောက်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်ကြီးလည်း ပျော်ရွှင်ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

Source>Phonemin Nay La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။