Nick Jonas နဲ့ Priyanka Chopra တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ဟန်နီမွန်းခရီးတွေကိုလဲ အမြဲတမ်းလိုလို ထွက်လေ့ရှိကာ ပျော်ရွှင်လျက်ရှိပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Jonas နဲ့ အသက်၃၆နှစ်ရှီပြီဖြစ်တဲ့ မင်းသမီး Chopra တို့ဟာ ခုအပတ်ထဲမှာတော့ Miami မှာရောက်ရှိနေတာဖြစ်ပါတယ်။ Jonas က Chopra ကို သူရဲ့နေရောင်လေးဆိုပြီး သီချင်းလေးနဲ့ Caption တပ်ကာ နှစ်ယောက်ပုံကိုတင်ခဲ့ပါတယ်။  

Caption ကတော့ ' You are my sunshine my only sunshine... #miami ' ဆိုပြီးခပ်တိုတိုခေါင်းစဉ်ပဲရေးကာတင်ခဲ့ပါတယ်။ နှစ်ယောက်ဟာဆိုရင် Nick ရဲ့ Instagram Story မှာလဲတင်ခဲ့ပါသေးတယ်....နှစ်ယောက်ကတော်တော်ကို ပျော်ရွှင်နေကြပါတယ်။ Nick ကအရင်စကာ " ကျွန်တော်တို့ခု Miami မှာပါ...သာယာတဲ့ စနေနေ့ နေ့လည်ခင်းလေးပါပဲ " ဆိုပြီးပြောခဲ့ပါတယ်။ အဲ့နောက်မှာလဲ ဆက်လက်ပြီး သာယာတဲ့နေ့လေးပိုင်ဆိုင်ပါစေဆိုပြီး ပြောပြခဲ့ပါတယ်။ 

Priyanka ကလဲသူမရဲ့ Instagram မှာ ကလေးလေးတစ်ယောက်ကိုဖက်ကာ သူမိသားစုနဲ့ သူငယ်ချင်းပုံတွေကို တင်ခဲ့ပါတယ်။ " Family " ဆိုပြီး Caption တပ်ကာ နောက်ကနေ အသည်းနှလုံးပုံ Emoji ကိုထည့်ကာ တင်ခဲ့ပါတယ်။ Priyanka နဲ့ Nick တို့ဟာခုချိန်မှာ လက်ထပ်ပြီးတာ ၄လတာအချိန်ပဲရှိပါသေးတယ်....သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်ဟာဆိုရင်လဲ ကြီးကျယ်ခမ်းနာစွာပဲ ပြုလုပ်ကျင်းပခဲ့ကာ ရေပန်စားခဲ့ပါတယ်။ မင်္ဂလာဆောင်ကိုလဲ တဟ်ကြိမ်ထက်မက ဆောင်ခဲ့ကြတဲ့ ဆယ်လီအတွဲပဲဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။