သရုပ်ဆောင်အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အပြည့်အ၀ ရရှိထားတဲ့ မင်းသားမင်းသမီးတွေဖြစ်တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ ပေါင်းသင်းကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး တပူးပူးတတွဲတွဲ သွားလာနေတာ ပရိသတ်ကြီးသိမှာပါနော်..။

သူတို့ BFF သူငယ်ချင်းသုံးယောက်ကတော့ ဆုံလိုက်တိုင်းလည်း အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ရင်း ပျော်နေတတ်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲ ဖြစ်ပါတယ်.. ။

ဟန်ဆောင်မှုမရှိပဲ တစ်ယောက်နဲ့တစ်ယောက် စနောက်ပျော်ရွှင်နေကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကလည်း မြင်တွေ့သူပရိသတ်တွေကိုလည်း အပျော်လေးတွေ ကူးစက်စေပြန်တာ တွေ့ရပါတယ်..။

သိပ်ချစ်ကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ ဘယ်သွားသွား အမြဲတတွဲတွဲနဲ့ဖြစ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြသလို မတ်လ(၂၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုလည်း အတူတူတက်ရောက်ခဲ့ကြပါသေးတယ်..။

အမြဲစနောက်ပျော်ရွှင်နေကြတဲ့ သူတို့သုံးယောက်ကတော့ အကယ်ဒမီပေးပွဲမှာလည်း အချင်းချင်းစနောက်ရင်း မျက်နှာပြောင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေကို မျှဝေထားတာ တွေ့ရပါတယ်နော်..။

ပရိသတ်ကြီးကို ရယ်စရာလေးတွေနဲ့ ပျော်ရွှင်ပြီး ချစ်စရာကောင်းတဲ့ သူငယ်ချင်းပုံရိပ်လေးတွေနဲ့ ပြုံးပျော်စေတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သူငယ်ချင်းသုံးယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။