ချစ်ပရိသတ်ကြီးရေ.... ပုရိသတို့စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီးအသားရည်ဖြူဝင်းလှပတဲ့ မော်ဒယ်လ်ရှင်ယွန်းမြတ်ကို သိကြမယ်ထင်ပါတယ်နော်။ sexy model လောကကိုဝင်ရောက်လာကတည်းက ပရိသတ်အများအပြားရဲ့တစ်ခဲနက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုအများဆုံးရရှိထားတဲ့သူမကတော့ social media လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။


ရှင်ယွန်းမြတ်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shotting တွေအများဆုံးရိုက်ဖြစ်တာဖြစ်ပြီး ခမ်းနားကြီးကျယ်တဲ့ ပွဲလမ်းသဘင်တွေကို ဖိတ်ကြားခြင်းခံရတဲ့ ထိတ်တန်းမော်ဒယ်လ် တစ်ဦးလည်းဖြစ်ပါတယ်။ ကြော်ငြာအစီအစဉ်တွေမှာလည်း ပါဝင် ရိုက်ကူးလာတာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပြီး အနုပညာလုပ်ငန်းတွေကို ပရိသတ်ကြီးအတွက် အကောင်းဆုံးကြိုးစား လုပ်ကိုင်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

၂၀၁၈ အကယ်ဒမီပေးပွဲသို့ အဖြူရောင်ဖက်ရှင်အလန်းစားလေးနဲ့တက်ရောက်ခဲ့တာဖြစ်ပြီး ပြင်ဆင်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်စကား ဆိုထားတာဖြစ်ပါတယ်...။ သူမရဲ့လှုပ်ရှားမှု အမျိုးမျိုးကို လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကို ပရိသတ်ကြီးအနေနဲ့ အခုလိုပဲမြင်တွေ့ကြရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း အကယ်ဒမီပေးပွဲမှာ တွေ့ဆုံခဲ့တဲ့ ရှင်ယွန်းမြတ်ကို သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးတွေအား Myanmarload tv ကနေ ပရိသတ်တွေကိုယ်စား အင်တာဗျူးမေးမြန်းထားတာဖြစ်ပါတယ်...။ နားထောင်ခံစားရင်း ဆက်လက်အားပေးသွားကြပါဦးနော်...။

Source Shin Yoon Myat  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။