လီပါပူးအသင်းကိုနိုင်ပွဲတွေရအောင်တိုက်စစ်ကနေအကောင်းဆုံးပံ့ပိုးပြီးဂိုးတွေသွင်းပေးနိုင်တဲ့ကစားသမားကတော့ဆာလာပဲဖြစ်ပါတယ်။သူကတော့ပါပူးအသင်းကိုချန်ပီယံပြေးလမ်းမှာအကောင်းဆုံးရပ်တည်နိုင်အောင်စွမ်းဆောင်ပေးနိုင်တာလည်းဖြစ်ပါတယ်။သူရဲ့စွမ်းဆောင်မှုတွေကြောင့်ပါပူးအသင်းပရိသတ်တွေရဲ့အချစ်တွေကိုလည်းသိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

သူကတော့ဘောလုံးကစားရာမှာပြေးအားအလိမ်အခေါက်ကျွမ်းကျင်ရုံသာမကကန်ချက်တွေကလည်းတိကျတာကြောင့်ပါပူးအသင်းကိုနိုင်ပွဲတွေရစေတာပဲဖြစ်ပါတယ်။သူမပါတဲ့ပွဲတွေဆိုပါပူးအသင်းကရုန်းကန်ရလေ့ရှိပြီးနိုင်ပွဲတွေမရရှိတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံရတာပါ။ပါပူးအသင်းဟာအင်္ဂလန်အမှတ်ပေးပြိုင်ပွဲမှာလည်းချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေတာဖြစ်ပြီးချန်ပီယံလိဒ်ပြိုင်ပွဲမှာလည်းကွာတားဖိုင်နယ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။

ခုမှာတော့တိုက်စစ်မှုးဆာလာရဲ့videoလေးဟာလူမှုကွန်ရက်မှာပြန့်နှံ့နေတာဖြစ်ပါတယ်။ဆာလာဟာထောင်ထားတဲ့တာယာထဲကိုအဝေးကြီးကနေဝင်အောင်ကန်ပြခဲ့တာဖြစ်ပါတယ်။အဲ့videoလေးကိုကြည့်ပြီးပရိသတ်တွေတောင်အံ့သြခဲ့ရပါတယ်။မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်လည်းဆာလာရဲ့videoလေးကိုတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:ESPN UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။