ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အိမ်ထောင်ရေးလေးဟာဆိုရင် သာယာပျော်ရွှင်စွာနဲ့ နှစ်ကိုယ်တူ ချစ်ခြင်းမေတ္တာလေးတွေကို တည်ဆောက်ထားကြပါတယ်နော်။ရွှေမှုံလေးက အသက်အရွယ်ငယ်သေးပေမယ့် ရွှေထူးရဲ့ အလိုလိုက်မှု ဂရုစိုက်မှုတွေအောက်မှာ ပျော်ရွှင်စွာနေနေတဲ့ ချစ်ဇနီးလေးတစ်ယောက်ပါနော်။ရွှေထူးကလည်း ရွှေမှုံကို အသေးစိတ်ကအစ ဂရုစိုက်တတ်သူဖြစ်လို့ ရွှေမှုံအတွက်ကတော့ ခင်ပွန်းကောင်းတစ်ယောက်ပါနော်။

အခုဆိုရင် ရွှေထူးနဲ့ ရွှေမှုံက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေသလို ရွှေထူးကလည်း မိသားစုအတွက် အလုပ်တွေအများကြီးကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ရွှေမှုံကလည်း ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို ခြေလှမ်းစိပ်စိပ်နဲ့ လုပ်ဆောင်နေကြပါတယ်။သူတို့ဇနီးမောင်နှံဟာဆိုရင် ဘယ်သွားသွားအတူတူသွားလာကြပြီး အားလပ်ရက်တွေမှာလည်း နှစ်ယောက်သား အေးချမ်းစွာ ခရီးထွက်တတ်ပါသေးတယ်။

ရွှေမှုံလေးနဲ့ရွှေထူးက ၂၀၁၈ အကယ်ဒမီပေးပွဲကြီးကိုလည်း လိုက်ဖက်ညီစွာနဲ့ အတွဲညီညီ တက်ရောက်လာခဲ့ကြတာကို ပရိတ်သတ်ကြီးလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေက ပွဲမှာလည်း အထင်းသားမြင့်တွေ့ရပါတယ်။ဇနီးမောင်နှံနှစ်ယောက်က တနင်္ဂနွေအားလပ်ရက်လေးမှာလည်း နှစ်ယောက်သား အတူတူချက်ပြုတ်ပြီး ပျော်ရွှင်စွာထမင်းလက်ဆုံစားကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။