မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ကျော်ကိုကိုကတော့ထိုင်းပရီးမီးယားလိဒ်ကလပ်ဆာမက်ပရာကန်အသင်းမှာကစားနေတာဖြစ်ပါတယ်။ကျော်ကိုကိုဟာထိုင်းပရီးမီးယားလိဒ်မှာဒုတိယရာသီအဖြစ်ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။ပထမရာသီတုန်းကချင်းရိုင်အသင်းမှာကစားခဲ့ပြီးဒဏ်ရာပြဿနာကြောင့်အချိန်တော်ကြာအနားယူနေရတာဖြစ်ပါတယ်။

ဒီနှစ်မှာတေ့ဒဏ်ရာကနေပြန်သက်သာလာပြီးထိုင်းကလပ်ကိုပြန်ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲဟာခုဆိုစတင်နေပြီဖြစ်ပေမယ့်လည်းကျော်ကိုကိုကတော့လေ့ကျင့်ရေးကွင်းကဒဏ်ရာကြောင့်နားနေရတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းကျော်ကိုကိုပွဲတွေမပါတာကြောင့်စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ခုမှာတော့ပရိသတ်အချစ်တော်ကျော်ကိုကိုကတော့ဆာမက်ပရာကန်အသင်းရဲ့ခြေစမ်းပွဲတစ်ပွဲမှာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ဒီခြေစွမ်းပွဲမှာတော့ကျော်ကိုကိုပါဝင်တဲ့ဆာမက်ပရာကန်အသင်းက(၁-ဝ)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ကျော်ကိုကိုဟာခြေစမ်းပွဲတွေပါဝင်ကစားနေပြီဖြစ်တာကြောင့်မကြာခင်ကစားမယ့်အမှတ်ပေးပြိုင်ပွဲတွေမှာလည်းပါဝင်နိုင်မလားဆိုတာစောင့်မျှော်ရင်းနဲ့ခြေစမ်းပွဲvideoလေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Thai League MM Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။