ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိအောင်လအန်ဆန်းကတော့ ဂျပန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။       

ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရမယ့်ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါပွဲကတော့ သူ့အတွက်စိတ်လှုပ်ရှားစရာပွဲတစ်ပွဲဖြစ်နေပြီး ဂျပန်နိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပထမဆုံးအတွေ့အကြုံတစ်ခုဖြစ်ကြောင်းကိုလည်း ပြောပြထားတာပဲဖြစ်ပါတယ်။ လက်ရှိ ပြိုင်ပွဲအတွက် ၆ရက်အလိုကတည်းက ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ဂျပန်ရောက်မြန်မာ့များနှင့်တွေ့ဆုံကာ အမှတ်တရပွဲတစ်ခုပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။  

ပြိုင်ပွဲတိုင်းကို ကြိုတင်ပြင်ဆင်မှုတွေဖြစ် အမြဲပြင်ဆင်တက်တဲ့ အောင်လအန်ဆန်းကတော့ ဒီကနေ့ မတ်လ ၂၅ရက်နေ့မှာလည်း ဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်နေဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် နေရာကို သွားရောက်လည်ပတ်ကြည့်ရှု့သွားမှာဖြစ်ကြောင်း သိရပါတယ်။ မစ်ဒယ်ဝတ်တန်းကမ္ဘာချန်ပီယံ ကာကွယ်ပွဲမှာ ဘယ်လိုထိုးကွက်တွေနဲ့ ပြောင်းလဲတိုက်ခိုက်သွားမလဲဆိုတာ စောင့်ကြည့်ရင်း ဂျပန်နိုင်ငံရောက်အောင်လအန်ဆန်းရဲ့ ပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။