ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိအောင်လအန်ဆန်းကတော့ ဂျပန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။       

ကမ္ဘာ့ကျော်ချန်ပီယံဖိုက်တာကြီးအောင်လအန်ဆန်းကတော့ ကချင်ပြည်နယ်မှာမွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံဖွားဖိုက်တာတစ်ဦးဖြစ်တာနဲ့အညီ မြန်မာ့ကိုယ်စားပြုထိုးသတ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်မြင်မှုများစွာရရှိထားတဲ့ အောင်လအန်ဆန်းရဲ့ မေ့ဖျောက်လို့မရနိုင်တဲ့အတိတ်ကပုံရိပ်တွေကတော့ ပရိသတ်အချို့လောက်သာသိရှိခဲ့တာတွေ့ရပါတယ်။  

ငယ်စဉ်က ရိုးသားကြိုးစားသူတစ်ယောက်ဖြစ်ပြီး ကတိတစ်လုံးကို တန်ဖိုးထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေအားလုံးရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့အပြင် ထူးချွန်ထက်မြတ်ပြီးလုပ်ချင်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်တက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အောင်လအန်ဆန်းရဲ့ ငယ်စဉ်က ပုံရိပ်လေးတွေထဲမှာ လက်ရှိအောင်မြင်မှုအထိ ငယ်ရုပ်မပျောက်ပုံနဲ့ ချစ်စရာအပြုံးတွေပိုင်ဆိုင်ပုံကတော့ ပရိသတ်တွေတွေ့ရှိရမှာပဲဖြစ်ပါတယ်။ ပရိသတ်အချို့လောက်သာတွေ့မြင်ဖူးတဲ့ အောင်လအန်ဆန်းရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA NSANG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။