ဖီဖာအသိအမှတ်ပြုခြေစမ်းပွဲတွေကစားနေတဲ့မြန်မာလက်ရွေးစင်အသင်းဟာဒီနေ့ည၆နာရီမှာတော့ဒုတိယမြောက်ခြေစမ်းပွဲကိုကစားတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာပြီးခဲ့တဲ့ရက်ပိုင်အတွင်းကလည်းတရုတ်တိုင်ပေအသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီးဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ခုအင်ဒိုနီးရှားအသင်းနဲ့ခြေစမ်းပွဲကတော့နည်းပြဦးမျိုးမင်းထွန်းရဲ့ဒုတိယပွဲစဉ်ဖြစ်လာမှာပါ။

အင်ဒိုနီးရှားအသင်းဟာလည်းအာစီယံဒေသတွင်းမှာခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားပြီးမြန်မာအသင်းကစားရခက်တဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်သင်းတွေ့ဆုံမှုတိုင်းဟာတော့အကြိတ်အနယ်နဲ့ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပါ။နည်းပြဦးမျိုးမင်းထွန်းရဲ့လက်ထက်မှာမြန်မာအသင်းဟာခြေစွမ်းတွေပိုကောင်းလာတာကြောင့်ပရိသတ်တွေရဲ့ယုံကြည်အားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။

လူငယ်ကစားသမားတွေအများစုနဲ့တူတူအကောင်းဆုံးဖွဲ့စည်းထားတဲ့မြန်မာအသင်းရဲ့ကစားကွက်တွေကတော့အရင်ယူ၂၀အတိုင်းဆိုပြီးပြီးခဲ့တဲ့ပွဲမှာပရိသတ်တွေချီးကျူးခဲ့ရတာပါ။ဘောလုံးလောကမှာအချိန်တော်ကြာအနားယူခဲ့ရတဲ့ကွင်းလယ်ကစားသမားငြိမ်းချမ်းအောင်လည်းပုံမှန်ခြေစွမ်းတွေပြန်ရနေတာဖြစ်တာကြောင့်ဒီညကစားမယ့်ခြေစမ်းပွဲကိုလည်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။