မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်တွေကတော့ပြည်တွင်းနေရာအနှံ့အပြားမှာ များစွာတည်ရှိနေတာသိရပါတယ်။ အဆိုပါ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာရှင်ကလေးတွေကို လှပတဲ့အပြုံးပိုင်ရှင်ဖြစ်ဖို့ smile asia medical tream နဲ့ ကမ္ဘောဇ အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ အမျိုးသမီး နဲ့က လေးဆေးရုံမှာ အခမဲ့ ခွဲစိတ်ကုသပေးလျှက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဆရာဝန်တွေ အပါအဝင် နိုင်ငံတကာ ကျွမ်းကျင် ဆရာဝန်တွေနဲ့ မတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခွဲစိတ်ကုသပေးသွားတယ်လို့ Smile Asia project တာဝန်ခံ မယမင်းရွှေရည်က ပြောပြခဲ့ပါတယ်။ 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လာရောက်ကုသတဲ့ ဝေဒနာရှင်အတွက် အသွားအပြန်စရိတ်အပြင် နေစရာနေရာ စောင်၊ အခင်း၊ ခေါင်းအုံး၊ ခြင်ထောင်တွေလည်း စီစဉ်ပေးကာ ထမင်းဟင်းတွေအပြည်အစုံ စီစဉ်ပေးထားတယ်လို့ ရွာငံမြို့နေ ဝေဒနာရှင်ကလေးငယ်ရဲ့ ဖခင် ဦးအောင်စိုးက ပြောပြခဲ့ပါတယ်။ အဆိုပါ ရောဂါဝေဒနာသည်တွေကို အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ စင်ကာပူ၊ ဒိန်းမတ်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံတွေ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၅ ဦး၊ အမျိုးသမီး နဲ့ ကလေးဆေးရုံကြီးက သူနာပြု၊ ဆရာဝန်တွေက ကုသပေးနေတာဖြစ်ကြောင်း သိရပါတယ်။ နှုတ်ခမ်းကွဲကလေးကို အသက် ၅ လ အထက်မှ ခွဲစိတ်ကုသနိုင်သလို အာခေါင်ကွဲကလေးတွေက အသက် ၁ နှစ်အထက်မှ ခွဲစိတ်ကုသလို့ ရတယ်လို့ ဆိုပါတယ်။ 

Smile asia အစီအစဉ်နဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ဝေဒနာရှင်တွေအား အခမဲ့ ခွဲစိတ်ကုသမှုကို ရန်ကုန် နဲ့ တောင်ကြီးမှာ ၅ ကြိမ် ဝေဒနာရှင် စုစုပေါင်း ၄၄၉ ဦးကို ကုသပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု ၆ ကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ဝေဒနာရှင်တွေအား အခမဲ့ ခွဲစိတ်ကုသမှုမှာ စာရင်းပေးသွင်းသူ ၁၀၀ ကျော်ရှိပြီး လက်ရှိလူနာရှင် ၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။ နေပြည်တော်မှာလည်း ဆက်လက်ကုခွဲစိတ်ကုသဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေင်ကွဲဝေဒနာရှင်တွေအတွက် သတင်းကောင်းတစ်ခုဖြစ်တဲ့ Smile asia အစီအစဉ်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

SOURCE - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။