ချစ်ပရိတ်သတ်ကြီးရေ.... ကမ္ဘာပေါ်မှာ ကြောက်စရာကောင်းတဲ့ မြွေအမျိုးပေါင်း သိန်းဂဏန်းနဲ့ချီပြီးရှိတာကို ပရိတ်သတ်ကြီးလည်းသိပြီးသားဖြစ်မှာပါ။ အခုနောက်ပိုင်းမှာဆိုပြီး မြွေမျိုးစိတ်တွေဟာ ပိုပြီးတောင်များပြားတိုးပွားလာနေခဲ့ပါပြီနော်။ ပရိတ်သတ်တွေကြားဖူးတဲ့အတိုင်းပဲ ရေမြွေဆိုပြီးအဆိပ်မရှိဘူးလို့ထင်လို့မရတော့ပါဘူး။ ရေမြွေကလည်း အခြားအဆိပ်ပြင်းတဲ့မြွေတစ်ကောင်ကောင်နဲ့များ မျိုးစပ်ပြီးမွေးထားမယ်ဆိုရင် အဆိပ်ရှိလာနိုင်ပါတယ်။ ပြီးတော့ မြွေအမျိုးအစားတွေထဲမှာ အဓိကကြောက်စရာကောင်းတဲ့ မြွေနှစ်မျိုးရှိပါသေးတယ် ပရိတ်သတ်ကြီးရေ...။

ပထမတစ်မျိုးကတော့ အကောင်သေးပြီး အဆိပ်ပြင်းတဲ့ မြွေနဲ့ နောက်တစ်မျိုးကတော့ အဆိပ်တော့မရှိပေမယ့် အကောင်ကကြောက်စရာကောင်းလောက်အောင်ကို ကြီးမားလွန်းတဲ့ မြွေကြီးတွေပါပဲ။မြွေကြီးတွေဟာ တိရိစ္ဆာန်တွေသာမက လူတွေကိုပါ မျိုနိုင် စားနိုင်ပြီးတော့ တခါတစ်လေဆိုရင် သူတို့အချင်းချင်းတောင်မှပြန်လည်စားသောက်တတ်ပါသေးတယ်။ မျိုးစိတ်တွေထဲမှာတော့ အကြီးဆုံးမြွေမျိုးစိတ်က Anacondaလို့မှတ်တမ်းတွေတင်ထားပေမယ့် အပြင်မှာတော့ ဒီမျိုးစိတ်ထက်ကြီးတဲ့မြွေတွေအများကြီးရှိနိုင်ပါသေးတယ်။

ဒီလပိုင်းအတောအတွင်းမှာပဲ ဘရာဇီးနိုင်ငံမှာတွေ့ခဲ့ရတဲ့မြွေတစ်ကောင်ကတော့ မြွေလား နဂါးလားလို့တောင်ထင်ရလောက်အောင် ကြီးမားပြီးတော့ အရှည်က ၄၅ပေလောက်ရှိတယ်လို့ကိုခန့်မှန်းရပါတယ်။ ဒါတောင်သွားတိုင်းကြည့်တာမျိုးမဟုတ်ဘဲ (၁၉)မီတာကျော်ကျော်သာရှိတဲ့ မြစ်ကမ်းနှစ်ဖက်ရဲ့အကွာအဝေးနဲ့ ခန့်မှန်းယုံမျှလောက်သာပါပဲ။ မြွေရဲ့အရှည်ကိုသေချာလိုက်ရိုက်မယ်ဆိုရင်တော့ ကင်မရာတောင်ဆန့်မှာမဟုတ်ဖူး။ လူတွေကတော့ Anaconda မြွေကြီးလို့တော့ဆိုကြပါတယ်။ ပြီးတော့ ဒီလူတွေတွေ့မိတဲ့အချိန်ဟာ Anacondaမြွေကြီး အစာစားထားတာသိပ်မကြာသေးတဲ့ပုံပါပဲ။ Anacondaတွေဟာ တစ်နှစ်ကို အစာအများဆုံးလေးကြိမ်ခန့်သာစာလေ့ရှိတယ်ဗျ။ဒါကြောင့်သူ့တို့ကံကောင်းသွားခဲ့ရတာပဲ ဖြစ်ပါတယ် ချစ်ပရိတ်သတ်ကြီးရေ...

Source : Anaconda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။