သာမန်လူတွေယုံနိုင်မလားတော့မသိပေမယ့် ကမ္ဘာမြေကြီးရဲ့ အောက်ကို နက်နက်တူးပြီး မြေအောက်မှာ နေထိုင်ကြတဲ့ ကူဘာပီးဒီး မြို့မှာ ပြင်ပလောကမှာ တကယ်ရှိလို့နေပါတယ်။

၎င်းမြို့ကတော့ သြစတြေးလျ နိုင်ငံ တောင်ပိုင်းမှာတည်ရှိပြီး ၎င်းမြို့ဟာ ကမ္ဘာမြေကြီးရဲ့အောက် ပေတော်တော်နက်နက်မှာ တည်ထားတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။

၎င်း ကူဘာပီးဒီမြို့ရှိတဲ့နေရာဟာ ကန္တာရကြီး ဖြစ်တဲ့အပြင် နွေရာသီမှာဆိုရင် ကျောက်တုံးပေါ်မှာ ကြက်ဥကြော်လို့ရတဲ့ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်ထိရှိနေတာပဲဖြစ်ပါတယ်။

သို့ပေမယ့် မြေအောက်မှာဆိုရင်တော့ အပူချိန်ဟာ ၂၅ ဒီဂရီစင်တီဂိတ်ပဲရှိသလို မြေကြီးပေါ်မှာနွေ ၊ မြေအောက်မှာ ဆောင်းဖြစ်နေတာကြောင့် ဒေသခံတွေဟာ မြေအောက်ကတူးထားတဲ့ လိုဏ်းခေါင်းတွေထဲမှာပဲ နေလာကြရာကနေ နောက်ပိုင်းမှာ အိမ်တွေဆောက်ပြီး နေထိုင်လာကြတာဖြစ်ပါတယ်။

သို့ပေမယ့် မြေကြီးအောက်က အိမ်တွေဆိုပြီး အထင်သွားသေးလို့မရပါဘူး သူတို့အိမ်တွေဟာ ဘယ်လောက်သေသပ်လှပနေလဲဆိုတာ ယခုပရိသတ်တွေမြင့်တွေ့နေရတဲ့ ပုံတွေထဲက အတိုင်းပါပဲ။

ဒါ့အပြင် ၎င်းမြို့မှာဆိုရင် မြေပေါ်ကမြို့တွေလိုပဲ ဟိုတယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ရုပ်ရှင်ရုံတွေ ၊ ဘုရားကျောင်းတွေ ၊ဆံပင်ညှပ်ဆိုင်တွေနဲ့ ရေကူးကန်တွေပါ စုံစုံလင်လင်ရှိလို့နေပါသေးတယ်။

၎င်းမြို့ဟာ နေမရှိ လမရှိ ၊ ကောင်းကင်မရှိ ၊ စမ်းချောင်းမရှိ ၊ တောအုပ်တွေမရှိ ၊ ကျေးငှက်ကလေးတွေ မရှိတဲ့မြို့တစ်မြို့ဆိုပေမယ့် အမြဲတမ်းလိုလို အေးအေးချမ်းချမ်းရှိလှပြီး နေထိုင်ချင်စရာကောင်းလှတဲ့ မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။

ပရိသတ်တွေရော ကမ္ဘာမြေကြီးရဲ့ အောက်ဘက် ပေတော်တော်များများ အနက်မှာ တည်ထားတဲ့ ဒီမြို့လေးမှာ မနေချင်ကြဘူးလား။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။