ဒီဖြစ်ရပ်လေးကတော့ အင်မတန်မှထူးဆန်းလှတဲ့ ဖြစ်ရပ်လေးတခုပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေး ဖြစ်ပွားခဲ့ပုံကတော့ ခလေးမွေးဖွားနေတဲ့ မိခင်တဦးဟာ ခွဲခန်းထဲမှာ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပေမယ့် သူမရဲ့ရင်သွေးကိုတော့ အသက်မသေဆုံးရအောင် ဆရာဝန်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

အဲံဒီနောက်မှာတော့ သူနာပြုတွေဟာ သေဆုံးသွားတဲ့ ၎င်းအမျိုးသမီးရဲ့အလောင်းကို ခွဲခန်းထဲမှာ သယ်ယူဖို့လုပ်နေတဲ့အချိန်မှာ သူနာပြုတဦးက မွေးကင်းစကလေးငယ်လေးကို နောက်ဆုံးအခွင့်အရေးတခုပေးတဲ့အနေနဲ့ သူရဲ့မိခင်နဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့ပေးခဲ့ပါတယ်။

အဲ့အချိန်မှာတော့ ကလေးငယ်လေးဟာ ရုတ်ရက်ကြီးဆိုသလို မိခင်ဖြစ်သူရဲ့ မျက်စိနဲ့ နှာခေါင်းတို့ကို ပွတ်သပ်ကာ မရပ်မနား အော်ဟစ်ငိုကြွေးနေခဲ့ပါတယ်။

ကလေးငယ်လေးရဲ့ မျက်ရည်တွေဟာ မိခင်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို အဆက်မပြတ်ကျဆင်းလာရင်းနဲ့ သေဆုံးနေတဲ့ မိခင်ကြီးဟာ အသက်ပြန်ရှင်ပြီး မျက်လုံးပြန်ဖွင့်လာခဲ့ပါတယ်။

၎င်းအဖြစ်အပျက်ကို မြင်တွေ့နေရတဲ့ ဆရာဝန်နဲ့ သူနာပြုတွေဟာဆိုရင်လည်း ပါးစပ်အဟောင်းသားနဲ့ အင်အတန် အံ့သြမှင်သက်ခဲ့ရပြီး မျက်စိရှေ့မှာ မြင်နေရတာကြီးကို မယုံကြည်ရဲလောက်အောင်ကို အံ့သြမှင်သက်သွားခဲ့ကြပါတယ်။

ဒီလိုဖြစ်ရပ်ဆိုတာဟာ အင်မတန်ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ဖြစ်ရပ်ကြီးတခုဖြစ်သလို ပရိသတ်တွေမြင်တွေ့နိုင်စေဖို့အတွက်လည်း ဗီဒီယိုလေးပါ ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။  

source -NDT TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။