လူသားတွေတော်တော်များများမှာတော့ မသေခင် နောက်ဆုံးပြုလုပ်သွားချင်တဲ့ နောက်ဆုံးဆန္ဒလေးတွေ ကိုယ်စီရှိကြပါတယ်။

လုပ်ချင်တာဖြစ်ချင်တာကတော့ တယောက်နဲ့တယောက်မတူကြပေမယ့် တချို့သောသူတွေပြုလုပ်ချင်တဲ့ အရာလေးတွေကတော့ သာမန်လူတွေအဖို့ ထူးဆန်းနေတာမျိုးလေးတွေရှိနေတာကိုတွေ့ရပါတယ်။

ဘရစ္စတိုးမြို့မှာ ရှိတဲ့ ဘိုးဘွားရိပ်သာတခုကတော့ Wishing Washin Line လို့ခေါ်တဲ့ အစီအစဉ်တခုပြုလုပ်ပြီး စောင့်ရှောက်ထားတဲ့ ဘိုးဘွားတွေရဲ့ နောက်ဆုံးဆန္ဒကို ပြုလုပ်ပေးဖို့ကြိုးစားခဲ့ပါတယ်။

၎င်းအစီအစဉ်ကိုတော့ ဂေဟာမှာရှိတဲ့ အဘိုးအဘွားတိုင်းပါဝင်ခဲ့ပြီး အများစုကတော့ ကားတွေ ဆိုင်ကယ်တွေစီးချင်တယ် ၊ ကလပ်သွားချင်တယ် ၊တစုံတယောက်နဲ့စကားပြောချင်တယ် ဆိုတဲ့ သာမန်ကိစ္စလေးတွေသာပြုလုပ်ချင်ပေမယ့် အန်နီ ဘရုတ်ကန်းဘရိုးဆိုတဲ့ အဘွားအိုတဦးကတော့ တခြားသူတွေနဲ့ခွဲထွက်ပြီး သူမသေခင် ရဲဖမ်းတာခံချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင် သူမဟာအခု အသက် ၁၀၄ နှစ်အရွယ်ရောက်နေပေမယ့် တခါမှ ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေမလုပ်ဖူးဘူး ၊ ဒါ့ကြောင့် မသေခင်တော့ ရဲဖမ်းတာခံပြီး ထောင်ခန်းလေးထဲမှာနေကြည့်ချင်တာကြောင်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဂေဟာတာဝန်ရှိသူတွေဟာဆိုရင်လည်း အဘွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်စီစဉ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာဆိုရင်လည်း အဘွားအိုကို လာရောက်ဖမ်းဆီးသွားခဲ့ပြီပဲဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေကို မသေဆုံးခင်မှာ နောက်ဆုံးဆန္ဒလေးတွေ ပြုလုပ်ခွင့်ရအောင် ကူညီပေးတဲ့သူတွေရဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာကောင်းလှပါတယ်။

Source – msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။