မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကတော့ မြန်မာ့နိုင်ငံရဲ့ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်တဲ့အပြင် ပြိုင်ဘက်ဖိုက်တာများစွာကိုလည်း အလဲထိုးထားနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒေဝကတော့ ၂၀၁၆ ခုနှစ်ရိုးရာလက်ဝှေ့မြန်မာအလွတ်တန်း ချန်ပီယံဆုနှင့်အတူ နိုင်ငံတကာလက်ဝှေ့အဖွဲ့ဂျပန်ချန်ပီယံ ခါးပတ်နှင့်အတူ Air ZBZ ရွှေအောင်လံခါးပတ်သုံးခုကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။  

လက်ရှိ ဒေဝကတော့ မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပနေသည့် WLC ပြိုင်ပွဲနှင့်စာချုပ်ချုပ်ဆိုခဲ့တာကြောင့် အခြားအဖွဲ့အစည်းများမှကျင်းပသောလက်ဝှေ့ပွဲများကို ယှဉ်ပြိုင်ထိုးသတ်သွားတော့မည် မဟုတ်ကြောင်းနှင့် ယခင်ကရရှိထားခဲ့ ချန်ပီယံခါးပတ်များမှာလည်း သက်ဆိုင်တော့မည် မဟုတ်ကြောင်း ဒေ့ဗ်က ဒီကနေ့ ကန်တော်ကြီး ကရဝိတ်နန်းတော်ဟိုတယ်၌ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာတွေ့ရပါတယ်။ "ကျွန်တော် WLCနဲ့စာချုပ်ခဲ့ပါတယ်။ ဒီတော့ တခြားချန်ပီယံဘွဲ့တွေကို ကာကွယ်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီဘွဲ့တွေဖြုတ်လိုက်ဖို့ ကျွန်တော် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော် WLC ချန်ပီယံခါးပတ်ကို ရအောင်ယူသွားမှာပါ။ အခုချိန်မှာ ကျွန်တော် အလိုချင်ဆုံးက WLC ခါးပတ်ပါပဲ"ဟု ဒေ့ဗ်က ပြောပြခဲ့ပါတယ်။  

မြန်မာ့လက်ဝှေ့လောကမှာ အချိန်အတော်ကြာဖြတ်သန်းခဲ့သူတစ်ယောက်ဖြစ်ပြီး မြန်မာ့လက်ဝှေ့နည်းပညာတွေကိုလည်း စုံစုံလင်လင်သင်ယူနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပခဲ့တဲ့ ကန်တော်ကြီး ကရဝိတ်နန်းတော်ဟိုတယ်၌ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲမှ ဒေဝရဲ့ ပုံရိပ်အချို့ကိုပြသရင်း မြန်မာ့ချန်ပီယံ ချန်ပီယံဒေဝတစ်ယောက်ဆက်လက်အောင်မြင်မှုတွေရရှိနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Photos - dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။