ပရိသတ်ကြီးရေ.. ပြည်သူပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အကယ်ဒမီမို့မို့မြင့်အောင်နဲ့ အကယ်ဒမီခိုင်သင်းကြည်တို့ကတော့ ထိပ်ဆုံးကပါဝင်ော တွေ့ရပါတယ်နော်..။

ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်နဲ့ ခိုင်သင်းကြည်တို့ရဲ့ မျိုးဆက်သစ်လေးတွေကလည်း အပါအဝင်ပါပဲ..။

မခိုင်လေးရဲ့ သမီးချောလေးဖြစ်တဲ့ စံထိပ်ထားဦးနဲ့ မေမို့လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မို့မို့မြင့်အောင်ရဲ့တူမချောလေး ဝါဆိုမြင့်အောင်တို့ကလည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြသူလေးတွေလည်း ဖြစ်ပါတယ်နော်..။

မတ်လ(၂၃)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်များ အားလုံးနီးပါးတတ်ရောက်ခဲ့ကြပြီး မခိုင်လေးတို့ သားအမိအပြင် မို့မို့မြင့်အောင်နဲ့ ဝါဆိုမြင့်အောသ်တို့ တူဝရီးတို့ကလည်း ကိုယ်စီကိုယ်စီ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

အသက်သိပ်မကွာတဲ့ ရွယ်တူတန်းတူတွေကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့အတိုင်း ထိပ်ထားလေးနဲ့ ဝါဆိုလေးတို့ကလည်း အကယ်ဒမီပွဲလေး တက်ရောက်ရင်း နှစ်ယောက်အတူ ရိုက်ကူးထားကြတာလည်း တွေ့ရပါတယ်..။

နှစ်ယောက်အတူ မျက်နှာပြောင်းရင်း ရိုက်ကူးထားကြတဲ့ ထိပ်ထားလေးနဲ့ ဝါဆိုလေးတို့ရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဝါဆိုမြင့်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။