ပရိသတ်ကြီးရေ.. အနုပညာလောကရဲ့ မိန်းကလေးပရိသတ်တွေရော ယောကျၤားလေးပရိသတ်တွေကပါ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ပြည်သူ့အချစ်တော်အဖွဲ့ကတော့ နှင်းဆီအဖွဲ့သားတွေပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေနဲ့အတူ အမြဲစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် ရှိကြတဲ့ နှင်းဆီအဖွဲ့သားတွေကတော့ အနုပညာလောအယမှာ ထိပ်တန်းကနေ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေဆိုလည်း မမှားပါဘူးနော်..။

ပြည်သူ့အချစ်တော်ဖြစ်တဲ့ နေတိုးတို့နှင်းဆီအဖွဲ့သားတွေကတော့ မတ်လ(၂၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကိုလည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်နော်..။

အကယ်ဒမီပေးပွဲကိုတော့ ထွန်းထွန်းနဲ့ ရဲလေးတို့အပြင် အားလုံးရဲ့အချစ်တော် နေတိုးကတော့ မိခင်ဖြစ်သူနဲ့အတူ ပွဲတက်ရောက်လာခဲ့ပြီး ကျော်ကျော်ဗိုလ်ကလည်း ချစ်ဇနီးချောလေးနဲ့အတူ တက်ရောက်ခဲ့သလို မင်းမော်ကွန်းကလည်း ချစ်ဇနီးလေးကို ရွှေလက်တွဲပြီး တက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်နော်..။

အကယ်ဒမီပေးပွဲနေ့လေးမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိသွားတဲ့ ကျော်ကျော်ဗိုလ်အတွက် ဂုဏ်ယူ ဂုဏ်ပြုစရာ နေ့ရက်လေးလည်း ဖြစ်တာမို့ နှင်းဆီအဖွဲ့သားတွေအားလုံးလည်း ကိုကြံ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ကြတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာ ကိုယ်တန်ဖိုးထား မြတ်နိုးချစ်ခင်ရသူတွေနဲ့အတူ အကယ်ဒမီပွဲလေးကို ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ အကယ်ဒမီပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Sweet & Smart Fashion Collection

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။