ရွှေထူးနဲ့ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝခံယူရရှိထားတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး အချိန်ခဏလေးအတွင်းမှာတင် အိမ်ထောင်သည်ဘဝကို အတူတည်ဆောက်ခဲ့ကြတဲ့ သူတို့စုံတွဲလေးက အခုဆိုရင် သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။

တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲကတော့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြပါတယ်။

ယနေ့မှာတော့ ရွှေထူးတစ်ယောက် ဇနီးလေးရွှေမှုံရဲ့ အလှမှာ မျောပါသွားပြီး ဇနီးလေးကို လက်ကလေးနောက်ပစ်ကာ တစ်စိမ့်စိမ့်ထိုင်ကြည့်နေခဲ့ပါတယ်။ ရေထူးကတော့ " အနှိုင်းမဲ့ " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပြီး အဆိုပါပုံရိပ်လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source: ရွှေထူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။