ဘောလုံးဂြိုဟ်သားလို့ တင်စားရမယ့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ ပက်ဆီ ကြော်ငြာတခုမှာ ပြသခဲ့တဲ့ ဘောလုံးစကေးကို ပရိသတ်တွေအနေနဲ့ အံ့အားသင့်နေခဲ့တယ်လို့သိရပါတယ်။ထောင်ထားတဲ့ ပက်ဆီပုလင်းရဲ့ အောက်က ဘောလုံးကို တဖက်မှာရှိတဲ့ ကွင်းကိုဖြတ်ပြီး ကန်ပြခဲ့တာဖြစ်ပါတယ်။  

ဘောလုံးလောကရဲ့ စကေးကျမ်းကျင်ဆုံးစရင်းမှာ ထိပ်ဆုံက ပါဝင်နေခဲ့တဲ့ မက်ဆီကတော့ အခုလို စကေးကျမ်းကျင်တာ ငယ်စဉ်အရွယ်တည်းက ဖြစ်ပါတယ်။ လူ၃ယောက်၄ယောက်လောက်ကို အသာလေးလှည့်နိုင်တဲက မက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ ကစားသမားဖြစ်သလို ဘောလုံးသမားတိုင်း လေးစားရသူပဲဖြစ်ပါတယ်။  

ငယ်စဉ်ကတည်းက စကေးကျမ်းကျင်ပြီး ပြိုင်ဘက်တွေကို အသာလေးလှည့်စားနိုင်တဲ့ မက်ဆီရဲ့ ငယ်ဘဝက ဗီဒီယိုလေးဟာ လူအများကို အံအားသင့်စေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ငယ်ရွယ်စဉ် ဘာစီလိုနာ လူငယ်အသင်းလေးမှာ စကေးပြခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

SOURCE: THE SUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။