ဘောလုံးကစားရင်း ဦးခေါင်းဒဏ်ရာရရှိကာ အသက် ဆုံးပါးသွားခဲ့သည့် ဒဂုံတက္ကသိုလ် လက်ရွေးစင် မောင်သန့်စင်ဦး ၏ ဈာပနကိုဒီနေ့ညနေ၃နာရီမှာပြုလုပ်ခဲ့ပါတယ်။ဒီဈာပနကိုတော့မြန်မာနေရှင်နယ်လိဒ်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှတာဝန်ရှိသူများလည်းလိုက်လံပို့ဆောင်ခဲ့ပါတယ်။

ရန်ကုန် ယူနိုက်တက် အသင်း မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသက်ကိုကိုဦး နှင့် အုပ်ချုပ်မှု အဖွဲ့ဝင်များ၊ ကြည်လင်း၊ ပြည့်ဖြိုးအောင်၊ သန်းပိုင်၊ နန်းဝေမင်း နှင့် သီဟဇော် တို့ လိုက်ပါပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုကိုလည်းထပ်တူဝမ်းနည်းကြောင်းနှစ်သိမ့်အားပေးစကားတွေပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား မောင်သန့်စင်ဦး သည် မြို့နယ် လက်ရွေးစင် နှင့် ဒဂုံတက္ကသိုလ် လက်ရွေးစင် တစ်ဦးဖြစ်ပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားရင်း ဦးခေါင်းဒဏ်ရာ ရရှိကာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။သူကတော့ဘောလုံးကစားရင်းနဲ့ဆုတံဆိပ်တွေများကြီးဆွတ်ခူးပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့်နှမြောတတဖြစ်ရပြီးမြန်မာဘောလုံးလောကအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရပါတယ်။

SOURCE:Yangon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။