နေ့စဉ်ကြားသိနေရတဲ့ ပြည်တွင်းယာဉ်တိမ်းမှောက်မှုသတင်းတွေထဲမှာ မီးရထားတိမ်းမှောက်မှုတွေကိုတော့ ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ မတ်လ၂၅ရက်နေ့ မနေ့ကညနေပိုင်းမှာလည်း မန္တလေးဘက်မှမောင်းနှင်လာသော အဆန် ကုန်ရထားသည် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုကြာအင်းရွာမအနီးရှိ ထိုပူး-မိုးကောင်းဘူတာကြားမီးရထားသံလမ်းမိုင်တိုင်အမှတ်၆၈၄/၁၁-၁၂ကြားတွင် ရထားတွဲချော်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှသိရပါတယ်။  

မီးရထားယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး "မန္တလေးဘက်ကလာတဲ့ ကရိန်းကိုစောင့်နေတာပါ။ ကရိန်းရောက်လာလို့ပူးပေါင်းပြုပြင်ဆောင်ရွက်ပြီးရင် ညနေပိုင်းဆို ရထားတွေပုံမှန် သွားလာနိုင်ပါပြီ " ဟု မြန်မာ့မီးရထားလုပ်ငန်းတိုင်း ၁ မန်နေဂျာ DTM ဦးကြည်ဝင်းကပြောပြခဲ့ပါတယ်။ မန္တလေးဘက်မှမိုးကောင်းဘက်သို့မောင်းနှင်လာသောစက်ခေါင်းအမှတ်GD-1216အမှတ်၂၄၇ အဆန်ကုန်ရထားသည် ကြာအင်းကျေးရွာအုပ်စု ကြာအင်းရွာမအနီး ၌ ဘီး ၈ ဘီးစလုံးကျွတ်ထွက်ကာ သံလမ်းဝဲဘက်အခြမ်းကျသွားခြင်း၊ စက်ခေါင်းနောက်ကပ်လျက်အတွဲCFBW-17421၏အတွဲလိုက်ဘီးများစောင်းသွားခြင်း၊ စက်ခေါင်းနောက်ဒုတိယတွဲCFBW-17412၏ဘီးများရထားသံလမ်းတွင်း/ပြင်ကျခြင်းများဖြစ်ပေါ်၍ရထားတွဲချော်ကျမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကြောင့် လူ၊ တိရိစ္ဆာန်၊ ကုန်ပစ္စည်း ထိခိုက်မှုမရှိပဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သောကြောင့် ခရီးသည်များ မကြန့်ကြာစေရန်အတွက် ဒီကနေ့ မတ်လ ၂၆ ရက်တွင် ခမရ ၇၄ မှ တပ်ဖွဲ့ဝင်များ၊ မီးရထားတပ်စု(က)မှ တပ်ဖွဲ့ဝင်များ၊ မိုးကောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဒုမီးသတ်ဦးစီးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရထားချိန်းပြောင်း transit ကူညီပေးလျက်ရှိကြောင်းသိရပါတယ်။ မတ်လ ၂၅ရက်နေ့က တိမ်းမှောက်ခဲ့တဲ့ ကုန်တင်မီးရထားပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - PYI MYANMAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။