အင်္ဂလန်အသင်းနဲ့ မွန်တီနီဂရိုးအသင်းရဲ့ ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက လူမည်းကစားသမားတွေကို အိမ်ရှင်ပရိသတ်တွေက လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဒန်နီရို့စ်နဲ့ ဟတ်ဆန်အိုဒွိုင်းတို့ကို အဓိကပစ်မှတ်ထား လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စတာလင်ကတော့ လူမျိုးရေးခွဲခြားခံရမှုတွေ လုပ်ဆောင်နေတာဟာ ရှက်စရာကိစ္စတခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။လူငယ်တိုက်စစ်မှူး အိုဒွိုင်းကတော့ မွန်တီနီဂရိုး ပရိသတ်တွေရဲ့ မျောက်ကနေ ဆင်းသက်လာတယ်ဆိုပြီး လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်သံတွေကို သူနဲ့ ဒန်နီရို့စ်တို့ ရှင်းရှင်းလင်းလင်း ကြားခဲ့ရတာပဲဖြစ်ပါတယ်။  

နည်းပြ ဆောက်ဂိတ်ကလည်း ဒန်နီရို့စ် အဝါကတ် ပြသခံရတဲ့အချိန်မှာ သူ့ကို လူမျိုးရေးခွဲခြားတဲ့ စကားသံတွေနဲ့ အော်ဟစ်ခဲ့ကြတာကို တွေ့မြင်ခဲ့ရပြီး လက်မခံနိုင်စရာ ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။အင်္ဂလန်အသင်းက မိုက်ကယ်ကီးန် တဂိုး၊ ဘာကလေ နှစ်ဂိုး၊ ဟယ်ရီကိန်းနဲ့ စတာလင်တို့က တဂိုးစီသွင်းပြီး ၅ ဂိုး ၁ ဂိုးနဲ့ မွန်တီနီဂရိုးကို အနိုင်ရခဲ့ပါတယ်။

SOURCE: THE SUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။