မော်ဒယ်လ်သရုပ်ဆောင်ဖြစ်တဲ့ အိန်ဂျယ်လမုန်ဟာဆိုရင် ၂၀၁၄ ခုနှစ်မှာ "Miss Intercontinental Myanmar" ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်..။ အလှမယ်ကနေ မော်ဒယ်လ်အနုပညာလောကထဲသို့ဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အာပေးမှုကို လက်ခံရရှိထားတာကိုတွေ့ရမှာပါ။ ကိုးရီးယားမလေးတစ်ယောက် လိုချောမောပြေပြစ်တာဖြစ်ပြီး အပြုံးလှပိုင်ရှင်ဖြစ်တာမလို့ ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။ ရိုးရှင်းဆန်းသစ်တဲ့ ဖက်ရှင်အလန်းစားတွေနဲ့ သူမရဲ့အလှအပတွေကို အမြဲ ဖော်ပြလေ့ရှိတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ အခမ်းအနားဖွင့်ပွဲတွေကိုလည်းဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရှိ ထိပ်တန်းမော်ဒယ်လ် အလှမယ်တစ်ဦးထဲကအပါအဝင်ဖြစ်ပါတယ်။ တိရိစ္ဆာန်လေးတွေကိုလည်းချစ်ခင်တက်ပြီး တစ်ကယ့်ကို အကြင်နာစိတ် ကြီးမားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရှိရမှာပါ။ ခရီးသွားအပန်းဖြေတက်သူဖြစ်ပြီး သူမရဲ့ ခရီးသွား အမှတ်တရပုံရိပ်တွေကိုလည်း အမြဲလိုလို ကြည့်ရှုခံစားကြရမှာပါနော်...။

အိန်ဂျယ်လမုန်ဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ဖြူစင်ဝင်းပတဲ့ အလှပုံရိပ်လေးတွေကို ကားပေါ်မှာဓာတ်ဖမ်းခဲ့တာဖြစ်ပါတယ်...။ သူမရဲ့ official facebook acc တွင် "ဟာ ချစ်တယ်နော်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Angel Lamung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။