တောင်ကိုရီယားနိုင်ငံက အနုပညာရှင်တွေပါဝင်ပတ်သတ်နေတဲ့ အမှုဟာဆိုရင် ခုချိန်ထိကို မပြီးဆုံးသေးပါဘူး။ အဲ့အမှုမှာ ကိုရီယားနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်ခဲ့ကြကာ နိုင်ငံအတွက် တော်တော်ကိုမျက်နှာငယ်စရာဖြစ်ခဲ့ပါတယ်။ အရင်ဆုံးမိတဲ့သူကတော့ Jung Joon Young ပဲဖြစ်ကာ သူလုပ်ရက်တွေဟာလူမဆန်ခဲ့ပါဘူး။ တက်သစ်စမင်းသမီးတွေကို သူနဲ့အိပ်ရင်အောင်မြင်အောင်လုပ်ပေးမည်ဟုပြောကာ Video ရိုက်ပြီး Group ထဲကိုပို့ခဲ့ပါတယ်။ 

တော်တော်ကို အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုလဲဖြစ်သလို ခွင့်လွျှတ်ဖို့တောင်မတန်ဘူးလို့ ပရိသတ်တွေကပြောပြခဲ့ပါတယ်။ နောက်ထပ်ပါဝင်တဲ့ တစ်ယောက်ကတော့ Big Bang အဖွဲ့ဝင်ဟောင်း Seungri ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာခုချိန်မှာ စစ်ဆေးမေးမြန်းခံနေရကာ.....နှစ်ယောက်ကလဲ ပြည်သူတွေကို ဝန်ချတောင်းပန်ခဲ့ပါတယ်။ စုံးစမ်းစစ်ဆေးရာတွေလဲ အမှန်တိုင်ပြောသွားမည်ဖြစ်ကြောင်းနဲ့ ဘာမှငြင်းခံမပြောဆိုဘူးလို့ပြောပြခဲ့ပါတယ်။  

နောက်ထပ်အမှုထဲမှာ ပါဝင်တယ်လို့အထင်ခံရတဲ့သူကတော့ Ji Chang Wook ပဲဖြစ်ပါတယ်။ သူကို အမှုထဲမှာပါတယ်ဆိုပြီး တချို့က သံသယရှိတဲ့အတွက်မေးမြန်စုံးစမ်း စစ်ဆေးခဲ့ပါတယ်။ အဲ့စုံးစမ်းမှုဟာဆိုရင်လဲ အချိန်တော်တော်ကြာခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၂၃ရက်နေ့မှာ သူဟာမပါဝင်ကြောင်းကို မျက်မြင်သက်သေတွေနဲ့အတူ တခြားသော သက်သေတွေပါ တွေ့ရှိခဲ့ရတဲ့အတွက် အမှုမှာသူမပါဝင်ကြောင်း အတည်ပြုခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။