မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူဟာ အသက်ငယ်ငယ်လေးနဲ့နိုင်ငံအသင်းမှာပါဝင်ကစားရပြီးထိုင်းလိဒ်ကိုလည်းလစာမြင့်မားစွာနဲ့ပြောင်းရွေ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကတော့ခုမှာလည်းမြောင်တောင်အသင်းမှာခြေစွမ်းပြနေတာဖြစ်ပြီးထိုင်းပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။

အောင်သူကတော့မြန်မာလက်ရွေးစင်ယူ၁၉အသင်းမှာနာမည်ရလာတဲ့ကစားသမားပဲဖြစ်ပါတယ်။၂၀၁၅ယူ၂၀ကမ္ဘာဖလားဝင်ခွင့်အတွက်အနိုင်ဂိုးကိုပံ့ပိုးပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။လူငယ်အကောင်းဆုံးကစားသမားဆုတွေကိုရထားတဲ့ကစားသမားဖြစ်ပါတယ်။အောင်သူကတော့ဘောလုံးကစားရမှာရိုးသားတဲ့စိတ်နဲ့သန့်သန့်ရှင်းရှင်းကစားတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

မြန်မာအားကစားပရိသတ်များရဲ့အချစ်တော်အောင်သူကတော့ သူ့ရဲ့ချစ်သူ ပိုးအိအိခန့်နဲ့မနေ့ညမှာပဲ မင်္ဂလာလက်ထက်ပွဲလေးကိုကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ လက်မှတ်ထိုးပြီး ကိုးလအကြာမှာ လက်ထက်ပွဲလေးကျင်းပခဲ့ကြတာပါ။ နေနဲ့လ ရွှေနဲ့မြပမာလိုက်ဖက်တင့်တယ်လှတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့ လက်ထက်ပွဲအခမ်းအနားဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Myaung Thong Myanmar Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။