ကမ္ဘာတစ်ဝှမ်းမှာသာမကဥရောပမှာဆုဖလားတွေကိုအကြိမ်ကြိမ်သိမ်းပိုက်နိုင်ပြီးကမ္ဘာအကောင်းဆုံးကစားသမားတွေပိုင်ဆိုင်ထားတာ

ကတော့စပိန်ထိပ်သီးဘာစီလိုနာအသင်းပဲဖြစ်ပါတယ်။သူတို့ကတော့စပိန်အမှတ်ပေးလာလီဂါပြိုင်ပွဲမှာလည်းအကြိမ်ကြိမ်ဆုဖလားတွေ သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ချန်ပီယံလိဒ်ပြိုင်ပွဲတွေမှာလည်းအောင်မြင်မှုတွေယူနိုင်ပြီးဥရောပအသင်းတွေတောင်ရှိန်ရတဲ့အသင်းလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့သူတို့အသင်းမှာကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့မက်ဆီ၊ဆွာရက်တို့လိုကစားသမားတွေပိုင်ဆိုင်ထားပြီးကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေနောက်ခံသူတွေကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကမ္ဘာအချမ်းသာဆုံးကလပ်တွေမှာလည်းထိပ်ပိုင်းကနေရပ်တည်နေတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့သူတို့အသင်းကိုထောက်ပံ့ပေးသူတွေကလည်းအများအပြားပဲဖြစ်ပါတယ်။

ကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေကလည်းထောက်ပံ့မှုတွေပေးထားတာဖြစ်ပါတယ်။ခုမှာလည်းကမ္ဘာကျော်ကားကုမ္ပဏီကြီးဖြစ်တဲ့ AUDI ကားကုမ္ပဏီကြီးကလည်းဘာစီလိုနာအသင်းကစားသမားတစ်ယောက်ချင်းဆီကိုကားတွေထောက်ပံ့ထားတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း AUDI ကားသစ်ကြီးတွေနဲ့လန်းနေတဲ့ဘာစီလိုနာအသင်းကစားသမားတွေရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:FC Barcelona

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။