ဘောလုံးအားကစားဆိုတာတွန်းတွန်းတိုက်တိုက်ကစားရတဲ့အားကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။မိမိအသင်းအနိုင်ရဖို့ကြိုးစားကစားရာမှာဒဏ်ရာပြဿနာတွေကစားသမားအချင်းချင်းရန်ဖြစ်ခဲ့ဘူးတာတွေလည်းရှိပါတယ်။တစ်ချို့ပရိသတ်တွေကလည်းသည်းမခံနိုင်ပဲကွင်းထဲထိဝင်ရောက်ပြီးပြဿနာရှာတာတွေရှိပါတယ်။

ခုမှာတော့လွန်ခဲ့တဲ့၂ပတ်ခန့်ကယှဉ်ပြိုင်ကစားခဲ့တဲ့ဘာမင်ဂမ်အသင်းနဲ့အက်စတွန်ဗီလာပွဲမှာတော့ပွဲကစားချိန်အတွင်းမှာပရိသတ်တစ်ယောက်ကြောင့်ပွဲကိုခဏရပ်နားခဲ့ရတာပါ။အက်စတွန်ဗီလာအသင်းရဲ့အသင်းခေါင်းဆောင်ကိုဝင်ရောက်ထိုးကြိတ်ခဲ့တာဖြစ်ပြီးအဆိုပါပရိသတ်ဟာရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့ရှိနေတာပါ။

အဆိုပါထိုးကြိတ်ခံရတဲ့အက်စတွန်ဗီလာအသင်းခေါင်းဆောင်ကလည်းအဲ့နေ့ပွဲမှာအသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာကြောင့်ပရိသတ်တွေပိုပြီးအသည်းပေါက်စေခဲ့တာပါ။ပရိသတ်တွေအတွက်လည်းပြိုင်ဆိုင်မှုပြင်းထန်တဲ့ဘောလုံးပွဲတစ်ပွဲကပရိသတ်တွေနဲ့ကစားသမားတွေရဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့videoကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:9Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။