အောင်မြင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့  ခင်လေးနွယ်ကတော့ ပရိသတ်တွေ အထူးပြောစရာမလိုအောင် ရင်းနှီးပြီးသား အချစ်တော်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကမှာ (၁၀)စုနှစ်မကတဲ့ အနုပညာသက်တမ်းနဲ့ အတူ ယနေ့တိုင် အနုပညာလောကမှာ ကျင်လည်နေဆဲဖြစ်တဲ့ သူမကတော့ တက်သစ်စ မော်ဒယ်လ်၊မင်းသမီးတွေနဲ့ တန်းတူ နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကြီး လူကြိုက်များခဲ့တာဖြစ်ပြီး ယနေ့တိုင်အောင်မြင်မှုကို ဆက်လက် ထိန်းသိန်းထားနိုင်တာလည်းတွေ့ရပါတယ်။အမြဲလိုအပြုံးလေးတွေနဲ့ ချစ်စရာဟန်ပန်လေးတွေကလည်း ပရိတ်သတ်တွေကိုအချစ်ပိုစေခဲ့တာဖြစ်ပါတယ်။

ယနေ့မှာတော့ ခင်လေးနွယ်တစ်ယောက် ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ခင်လေးနွယ်ကတော့ " Zoey ရယ် ဒေါင်းရယ် မိခင်လေးရယ် Nge Nge ရေ...ငယ့် အတွက်ရိုက်ပေးထားတာနော် ကြိုက်လား " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

SOURCE: ခင်လေးနွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။