ယနေ့တိုင်အောင်မြင်နေဆဲဝါရင့်သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ သူမရဲ့ အနုပညာအလုပ်တွေထက် ပရဟိတရေးရာအလုပ်တွေကို ပိုလို့ အားပြုလုပ်ဆောင်နေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူထုအတွက် အကောင်းဆုံး တတ်နိင်တဲ့ဘက်ကနေ ထောက်ပံ့မှုတွေပေးနေသူလဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ခိုင်နင်းဝေတစ်ယောက် ထောက်ကြံ့မြို့က ပဏ္ဏိတာရာမရွေတောင်ကုန်း ကျောင်းတိုက်က ချစ်စရာကိုရင်လေးတွေ သီလရှင်လေးတွေကြောင့် ခရီးပင်ပန်းလေး ပျောက်ကွယ်သွားခဲ့ပါတယ်။  

ခိုင်နှင်းဝေကတော့ " မြဝတီကပြန်ရောက်ရောက်ချင်း ထောက်ကြံ့မြို့က ပဏ္ဏိတာရာမရွေတောင်ကုန်း ကျောင်းမှာ ကလေးများသိကောင်းစရာများနှင့် လိမ္မာယဉ်ကျေးသင်တန်းနှင့် ဓမ္မစကူးသင်တန်း တွေရဲ့ရည်ရွယ်ချက်များ..ပရဟိတများကို ကိုရင်များနှင့် သီလရှင်များကို ဘာသာအကျိုးသယ်ပိုးရင်း ပရဟိတတွေတနိုင်တပိုင်လုပ်ကြဖို့ ဟောပြောပေးတဲ့အခါ ချစ်စရာကောင်းတဲ့ကိုရင်လေးများ,သီလရှင်ဆရာလေးများနှင့် အမေးအဖြေတွေအတိုင်အပေါက်တွေညီကြတော့ ပင်ပန်းတာတွေပျောက်ပြီး ပျော်စရာကောင်းခဲ့ပါတယ်ရှင်... " ဆိုပြီး ရေးသားထားပါတယ်။

source: ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။