မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ကျော်ကိုကိုကတော့ထိုင်းပရီးမီးယားလိဒ်ကလပ်ဆာမက်ပရာကန်အသင်းမှာကစားနေတာဖြစ်ပါတယ်။ကျော်ကိုကိုဟာထိုင်းပရီးမီးယားလိဒ်မှာဒုတိယရာသီအဖြစ်ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။ပထမရာသီတုန်းကချင်းရိုင်အသင်းမှာကစားခဲ့ပြီးဒဏ်ရာပြဿနာကြောင့်အချိန်တော်ကြာအနားယူနေရတာဖြစ်ပါတယ်။

ခုမှာတော့ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲဟာစတင်နေပြီဖြစ်ပြီးပွဲစဉ်တော်တော်များများကိုကစားနေပြီဖြစ်ပါတယ်။ကျော်ကိုကိုဟာထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲစတင်ပြီဖြစ်ပေမယ့်ခုချိန်ထိတစ်ပွဲမှမကစားရသေးတာဖြစ်ပါတယ်။လေ့ကျင့်ရေးကွင်းမှာရတဲ့ဒဏ်ရာကြောင့်အသင်းရဲ့ပွဲစဉ်တွေကိုလွဲချော်နေတာဖြစ်ပါတယ်။

ခုမှာတော့လေ့ကျင့်ခန်းအစီစဉ်တွေခြေစမ်းပွဲတွေကိုပါဝင်ကစားနေတာဖြစ်ပါတယ်။မကြာခင်မှာလည်းကျော်ကိုကိုရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပရိသတ်တွေပြန်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ပုံမှန်ခြေစွမ်းတွေနဲ့အသင်းကိုနိုင်ပွဲတွေရအောင်ကြိုးစားနေတဲ့ကျော်ကိုကိုရဲ့လေ့ကျင့်ခန်းအစီစဉ်တွေကိုကြိုးစားနေတဲ့ပုံရိပ် videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Thai League MM Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။