သရုပ်ဆောင်မယ်လိုဒီကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာကြောင့် အကယ်ဒမီတွေပါရရှိခဲ့သည်အထိ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနပညာအလုပ်တွေကနေ အနားယူနေပြီး ချစ်စရာကောင်းတဲ့ သားလေးကို အချိန်ပေးနေပါတယ်။

မယ်လိုဒီကတော့ ယနေ့အချိန်ထိပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မယ်လိုဒီကတော့ ချစ်စရာကောင်းပြီးတော်လွန်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပါတယ်။ ယနေ့မှာတော့ မယ်လိုဒီတစ်ယောက် ချစ်စရာကောင်းလွန်းတဲ့ သားလေးရဲ့ အိပ်ပျော်နေတဲ့ ပုံရိပ်လေးကို ထုတ်ဖော်လိုက်ပါတယ်။

မယ်လိုဒီကတော့ " ချစ်စရာလေးနော်

မေမေ နေ့လည်တရေးအိပ်ရအောင်သားလေးရေ သားသား ဖေဖေသိပ်ပါ ဖေဖေလာအတူတူအိပ်မယ်

မေမေအော် ဖေဖေအလုပ်မသွားလို့မရဘူးလေ

ဖေဖေအလုပ်မသွားရင် မေမေတို့ကိုဘယ်သူ ထမင်းကျွေးမလဲ

သားသား မေမေအလုပ်သွား

မေမေ ဟမ် ခွေးသားလေး

ခုတော့ အိပ်သွားပြီးနတ်သမီးလေးဘဝ သောကြာသားသမီးတွေခိုင်းဖို့အတွက် လူ့ပြည်ဆင်းလာခဲ့မိသလားကွယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: မယ်လိုဒီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။