ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာတော့ ယီမင်နိုင်ငံ ကီတာဖ်ဆေးရုံနားက ဓာတ်ငွေ့ဆိုင်ကို ဒုံးကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

၎င်းဒုံးကျည်ကိုပစ်လွှတ်ခဲ့တာကတော့ ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအစီုးရအဖွဲ့က ဖြစ်တယ်လို့ ဒေသခံတဦးကပြောကြားထားတာတွေ့ရပါတယ်။

သို့ပေမယ့် ညွှန့်ပေါင်းအစိုးရအဖွဲ့ကတော့ အခုလိုလူမဆန်တဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဘာမှထုတ်ပြန်ကြေညာထားခြင်းမရှိပါဘူး။

၎င်းဒုံးကျည်ထိမှန်ခဲ့တဲ့ နေရာအနီးမှာဆိုရင်လည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့သလို ကလေး ၄ ဦးအပါအဝင် စုစုပေါင်း လူ ၇ ဦးလောက်သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် နောက်ထပ် လူ ၈ ဦးလောက်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် အနီးနားက ဆေးရုံမှာပဲ ဆေးကုသပေးနေရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။