ဒီတစ်ခါ ပရိသတ်ကြီးအတွက်ဖော်ပြပေးချင်တာကတော့ လူသန်းပေါင်းများစွာတို့ရဲ့ အသက်တွေကို စတေးရအောင်ဖန်တီးခဲ့တဲ့ နာဇီဂျာမန်တို့ရဲ့ စစ်ပွဲအတွင်းမှာ တီထွင်ခဲ့တဲ့ လက်နက်အဆန်းတွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ အခုတစ်ခါဖော်ပြပေးမှာကတော့ တစ်ဖက်ရန်သူတွေရဲ့ နားကို ဒုက္ခပေးမယ့် ခပ်ဆန်းဆန်းလက်နက်တစ်မျိုးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

လော်စပီကာ သဘော နဲ့ ခပ်ဆင်ဆင်တူ ပုံစံရှိပြီး အသံလှိုင်း အမြှောက် ထဲမှာပြွန်တွေ ရှိပါတယ်။ ပြွန်တွေထဲမှာ ရှိတဲ့ အောက်ဆီဂျင် နဲ့ မီသိန်းဓာတ်ငွေ့တွေရှိပြီး ဓာတ်ပြု အောင် လျပ်စစ်နှင့် ရှော့ ရိုက် လိုက်လျင် အသံအကြယ်ကြီး ထွက်သွားစေပါတယ်။

ထွက်လာတဲ့ အသံဟာ 44000 Hz ရှိပြီး အမြှောက် ချိန်ရွယ်ထားသည့် ဖက် 274 မီတာမှာ ရှိသည့် ရန်သူများ နားစည် ကွဲပြီး နားကန်း ကုန်ကာ disable ဖြစ်ကုန်ပါတယ်။

ပုံ မှန်နား သည် 20Hz ကနေ 20000 Hz ကြိမ်နှုန်း အထိသာကြားနိုင်ပြီး ဒီ့ထက်ကျယ်သွားပါက နားနဲ့ပတ်သက်ပီး အန္တရာယ်၇ှိနိုင်ပါတယ်။ ဒီလက်နက်ကို ဒီဇိုင်းဆွဲသူကတော့ နာဇီဒီဇိုင်းပညာရှင် Dr. Richard Wallauschek ၏ အကြံညာဏ်ဖြစ်ပြီး စစ်ပံဲအတွင်းမှာ အသုံးပြုခဲ့တာကို သိပ်မတွေ့ခဲ့ရပါဘူး။

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။