မတ်လ ၂၇ရက်နေ့ မနေ့က ကျရောက်ခဲ့တဲ့ ၇၄နှစ်မြောက် မြန်မာ့တပ်မတော်နေ့ကတော့ ပြည်တွင်း ရှိရုံးများစွာပိတ်ခဲ့ပြီး မြန်မာ့တပ်မတော်ရဲ့ စစ်ရေးပြမြင်ကွင်းကို အိမ်တွင်းကြည့်ရှု့သူတွေသာမက သွားရောက်ကြည့်သူတွေလည်း များစွာရှိခဲ့ကြောင်းသိရပါတယ်။ မနေ့ကကျရောက်ခဲ့တဲ့ ၇၄နှစ်မြောက်တပ်မတော်နေ့ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်သူမတူအောင် ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ၇၄ နှစ်မြောက် မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှ အဖွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

စည်စည်ကားကားကျင်းပခဲ့တဲ့ ပြုလုပ်ခဲ့တဲ့ ပွဲကြီးဖြစ်ပြီး ပြည်တွင်း ပြည်ပ နိုင်ငံသား၊ နိုင်ငံခြားသားများစွာလည်း တက်ရောက်ကြည့်ရှု့ခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ ၇၄ နှစ်မြောက် မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအပြီး ပြန်လည်သိမ်းချိန်တွင် အဖွားအိုတစ်ဦးရဲ့ ပြုံးရွှင်သော မျက်နှာနဲ့ အားပေးနေမှုကတော့ ကြည့်ရှု့သူပရိသတ်တိုင်းကို အံ့အားသင့်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကို ချစ်ခင်မြတ်နိုးပုံနဲ့ တစ်ကိုယ်တော် အော်ဟစ်ဂုဏ်ပြုနေပြီး ယာဉ်ပေါ်လိုက်ပါတဲ့ တပ်မတော်သားတွေကိုလည်း ဂရုစိုက်ဖို့မှာကြားနေတာတွေ့ရပါတယ်။  

အသက်အရွယ်အရကြီးရင့်သူတစ်ယောက်ဖြစ်ပြီး မြန်မာ့တပ်မတော်ကို လေးစားချစ်ခင်ပုံကတော့ ဗီဒီယိုကြည့်ရှု့သူတိုင်းတွေ့မြင်ကြမှာပါ။ လေးစားစရာကောင်းတဲ့ အဖွားအိုတစ်ဦးရဲ့ မြန်မာ့တပ်မတော် ၇၄ နှစ်မြောက် ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - အောင်ဇော်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။