ပရိသတ်ကြီး အတွက် ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ထိုင်းနိုင်ငံမှာ တည်ရှိတဲ့ ထူးခြားတဲ့ နေမြေလေး တစ်ခအြကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီနယ်မြေလေးဟာဆိုရင် ထိုင်းနိုင်ငံ ချောင်ဘူရီ မှာတည်ရှိထား ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် သီးသန့် ပြုလုပ်ပေးထားတဲ့ နယ်မြေလေး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေရာလေးကိုတော့ ဆင်တိုင်းပြည်လို့ ခေါ်ပြီး ထိုင်းလူမျိုးတွေရဲ့ အမြတ်တနိုး ဖြစ်တဲ့ ဆင်တွေကို အနှံ့အပြားတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီထက်ပိုထူးခြားပြီး ခရီးသွားတဲ့ သူတွေကို ဆွဲဆောင်ထားနိုင်တဲ့ အရာကတော့ မိကျောင်းတွေကို အစာကျွေးတဲ့ နေရာလေးပါပဲ။ ဒီနေရာလေးမှာ ပလတ်စတစ်စည်ပိုင်းများပေါ်တွင် ပါးလွှာသည့်သစ်သားများဖြင့် ဟန်ချက်ညီစွာ တည်ဆောက်ထားပြီး ဘေးပတ်လည်ကို ပိုက်များဖြင့် ကာရံထားကာ အမိုးလည်း မိုးထားပါသေးတယ်။ ဒီ သစ်သားတင်းကုပ်အတွင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများဟာဆိုရင် မိကျောင်းများကို ငါးမျှားချိတ်များဖြင့် အစာကျွေးနိုင်ရန်စီစဉ်ပေးထားပီး ငါးမျှားတံတွင် အမဲသားများကို ချည်နှောင်၍ မိကျောင်းများရှေ့တွင် တွဲလောင်းချကာ ရမ်းပေး ခြင်းဖြင့် မိကျောင်းများသည် အစာကို ခုန်၍ ရယူစားသောက်ကြတာပဲ ဖြစ်ပါတယ်။

အမဲသား ချိတ်ထားသည့် တုတ်တံကို မိကျောင်းများရှေ့တွင် ရှေ့နောက်လှုပ်ရှားပေးပြီး မိကျောင်းက ခုန်ဟပ်လိုက်ချိန်တွင် တုတ်တံကို မိကျောင်းမမီစေရန် အပေါ်သို့ မတင်ထားခြင်းဖြင့် မိကျောင်းများကို ကျီစယ်ခြင်းများပြုလုပ်လေ့ရှိကြပြီး ကံမကောင်းရင်တော့ မိကျောင်းတွေရှိတဲ့ ကန်ထဲသို့ ပြုတ်ကျသွားနိုင်ပြီး မိကျောင်းတွေရဲ့ အစာက မိမိကိုယ်တိုင် ဖြစ်သွားနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

Source : Thuta Alinn magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။