ယခုနှစ်အစောပိုင်းမှာတုန်းကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Google ကုမ္ပဏီအနေနဲ့ တရုတ်ကို ကူညီနေတယ်လို့ စွပ်စွဲပြောဆိုထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာဆိုရင်လည်း အမေရိကန် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Google က အမှုဆောင်အရာရှိချုပ် ဆွန်ဒါးပီချေးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

၎င်းဆွေးနွေးပွဲအပြီးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Google ကုမ္ပဏီအနေနဲ့ တရုတ်စစ်တပ်ရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးမှာမဟုတ်ဘဲ အမေရိကန်စစ်တပ်အပေါ် သစ္စာရှိမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ နိုင်ငံရေးအရ ဘက်မလိုက်မှုနဲ့ တိုင်းပြည်အတွက် Google ကစွမ်းဆောင်ပေးနေတဲ့ အကြောင်းအရာ အများအပြားကိုလည်း မစ္စတာပီချေးနဲ့ ဆွေးနွေးခဲ့သေးတယ်လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

Google အမှုဆောင်အရာရှိချုပ် ဆွန်ဒါးပီချေးဟာဆိုရင်လည်း အမေရိကန် အလုပ်သမား အင်အားစု အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရေး ၊ နည်းပညာအသစ်အဆန်းတွေ တိုးတက်ပေါ်ထွန်းရေးနဲ့ အမေရိကန်အစိုးရတဲ့ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်ရေးတွေနဲ့ပတ်သတ်ပြီး ထရမ့်နဲ့ အကျိုးရှိရှိဆွေးနွေးနိုင်ခဲ့တယ်လို့ ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

source - bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။