ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကို နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၆၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကို နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်စ်ကို ၅နှစ်စာချူပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးဇူလိုင်ကလောက်မှသာအသင်းကိုလာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။

ဟာနန်ဒက်စ်အနေနဲ့ ရာသီကုန်အထိ အက်သလက်တီကို အသင်းမှာပဲ ဆက်ပြီး ကစားသွားရမှာဖြစ်ပါတယ်။ဟာနန်ဒက်စ်ဟာအသင်းကြီးတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့ကစားသမားဖြစ်ပြီးခုလိုနာမည်ကြီးဘိုင်ယန်အသင်းကိုရောက်သွားတာဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်ရမယ်ဆိုပြီးလည်းပြောကြားခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူ ဟာနန်ဒက်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ရယူခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ကစားခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အက်သလတီကိုအသင်းမှာလည်းအကောင်းဆုံးကစားခဲ့ပြီးဂိုးတွေမပေးရအောင်စွမ်းဆောင်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။လာမယ့်ရာသီဘိုင်ယန်အသင်းမှာလည်းဘယ်လိုခြေစွမ်းတွေနဲ့ကစားသွားမလဲဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရအောင်နော်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။